Part 11

2K 180 14
                                    

Unicode

"ကျစ်! ဘယ်တွေရောက်နေတာလဲ Saint ရာ ငါစိတ်တွေပူနေပြီ"

Perth ဖုန်းတစ်လုံးဖြင့် တစ်ခုတည်းသောနံပါတ်ကိုသာ အခါအခါ ခေါ်နေမိသည်။

မနက်ခင်းထဲက အတန်းမတက်တော့ဘဲ အဆောင်ပြန်လာတဲ့ Perth တစ်ယောက် Saint ကိုမျှော်နေခဲ့တာ ညရှစ်နာရီပင်ခွဲနေလေသည်။

တစ်ဖက်ကကောင်လေးမှာတော့ အဆောင်ပြန်သည့်လမ်းတွင် ဝင်လာနေသမျှ Phone call များကိုကြည့်ကာ ပြုံးနေတော့သည်။

"မကောင်းတဲ့ လူကြီးမှတ်ပြီလား လူကိုအော်တုန်းကအော်ပြီး အခုမှလာစိတ်ပူနေတယ် မင်းအကြောင်းသိလို့ကို တမင်သက်သက်မိုးမချုပ်ချုပ်အောင် အအေးဆိုင်ထိုင်နေတာ ဟွန့်"

Saint ဖုန်းကိုချပစ်လိုက်ပြီး ဘောင်းဘီအိတ်ထဲထည့်ကာ ဆက်လျှောက်လာလိုက်သည်။

"ဟိတ်.. အမှောင်ကြီးထဲ တစ်ယောက်တည်းဘာတွေပြောနေတာလဲ"

Saint ရှေ့သို့ ဒယိမ်းဒယိုင်ဖြင့်လျှောက်လာနေသောလူသုံးယောက်ကို မြင်လိုက်ရ၍ Saint ကိုယ်လေးတန့်သွား၏။

"အသားလေးက ဖြူဖြူဖွေးဖွေးလေးနဲ့ အရပ်နဲ့မလိုက်အောင် ချစ်ဖို့ကောင်းနေပါလား"

Saint တစ်ဖက်လမ်းကနေ ရှောင်ထွက်ဖို့လုပ်တော့ Saint ရှောင်သည့်လမ်းကိုရှေ့တည့်တည့်ကနေပိတ်ရပ်လာပြန်သည်။

"မြည်းစရာလေးလိုနေတာ ညီလေးကမကူညီပေးချင်ဘူးလား"

ပြောရင်း သုံးယောက်လုံးရှေ့တိုးလာတော့ Saint လည်းနောက်ဆုတ်ရင်း ကြောက်စိတ်ကပိုလာမိသည်။

"ခင်..ခင်ဗျားတို့ မူးနေရင်လည်း ကိုယ့်လမ်းကိုသွားဗျာ..မနှောင့်ယှက်နဲ့"

"မနှောင့်ယှက်ပါဘူး ညီလေးရာ မင်းကိုဒီအကိုတွေက ပျော်စရာတွေဖန်တီးပေးမလို့"

"ကြာပါတယ်ကွာ လာ လိုက်ခဲ့"

ပြောရင်း Saint လက်ကိုလာဆွဲသဖြင့် Saint လည်း ကြောက်အားလန့်အားဖြင့် ထို​လူကို ဆောင့်တွန်းလွှတ်ကာ ထွက်ပြေးလာမိသည်။

"ဟိတ် မပြေးနဲ့ !"

​Saint နောက်မှ အတင်းပြေးလိုက်လာကြသည့်ခြေသံများကို ကြားသော်လဲ Saint လှည့်မကြည့်မိ။အကူအညီတောင်းဖို့ရာလဲ ဒီနေ့ကျမှပဲ လမ်းကလူပြတ်လွန်းနေသည်။Saint ခြေထောက်တွေက ပြေးရင်းအားမရှိလာတော့ပဲ ခွေယိုင်ကျချင်လာသည်။ဒီလိုအချိန်မှ ရမိတဲ့နောင်တကတော့ Perth ကိုအရွဲ့တိုက်မိခြင်းပင်။

Be My Boyfriend(Completed)Where stories live. Discover now