Chupa Chups🍭Ch-1

1.8K 86 1
                                    

စာမေးပွဲက မနေ့ကမှပြီးထားသလို ကျောင်းပိတ်ရက်လည်း ဖြစ်တော့ ချမ်းငြိမ်းခိုင် တစ်ယောက် အိပ်ရာထဲ နေဖင်ထိုးတောင် မထသေးပဲအိပ်နေသည်။

"ချမ်းချမ်း နင်အခုထိမထသေးဘူးလား။
နေက ဖင်ထဲတောင် ဝင်တော့မယ်
ငါ သွားစရာ ရှိတယ်လို့ ပြောထားတယ်လေ ဟာ...."

အခန်းဝတွင် တံခါးကို တဒုန်းဒုန်းထုပြီး အော်နေတဲ့အသံကြောင့် ဘယ်လိုမှ ဆက်အိပ်မရတော့ ...

"ဟာကွာ...ကောင်းကောင်းကို မအိပ်ရဘူး။"
ခန္ဓာကိုယ် ပေါ်မှ လုံးထွေးပတ်နေသော စောင်တို့ကို ခြေထောက်ဖြင့် တစ်ဖက်ကို ကန်ချကာ ကုန်းထရင်း အိပ်ရာနိုးရင် ချက်ချင်းမထပဲ နှပ်နေတတ်သော အကျင့်ကြောင့် ဖင်ကုန်းလျက်ပင် ခေါင်းအုံးထဲ မျက်နှာနှစ်၍ အပြင်းကြောကို ဆွဲဆန့်နေသည်။

"ငါ စိတ်တိုလာပြီနော်.."

တံခါးဝက အော်သံကြောင့် လန့်တောင်သွားရသည်။
သူ့ကိုယ်သူ 5 မိနစ် လို့ ပြောပြီး အိပ်လိုက်ပေမယ့် ဘယ်လောက်ကြာသွားမှန်း သူ မသိ။
တစ်ခုပဲ အခန်းဝက အမဖြစ်သူ ဒေါ်ငုဝါခိုင်ရဲ့အသံက volume နှစ်ဆနဲ့ သေသွားလောက်သည်။

"ထပြီ ဗျာ ..ထပြီ။
အဲ့တံခါးကိုလည်း သေအောင် ထုမနေနဲ့
နင့်ကြောင့် ငါ့တံခါး ပတ်တာကို တစ်လတစ်ခါ လဲနေရတယ်"

အိပ်ရာမှထ တဘတ်တစ်ထည် ဆွဲယူကာ ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သည်။

"မေမေ ..မေမေ့သားကို ကြည့်ပြောထားနော်
နောက်မှ သမီးအဆိုးမဆိုနဲ့..."

ဧည့်ခန်းထဲတွင် ဆူပုတ်ထိုင်ရင်း ဒေါသကိုလည်း ထိန်းကာ အမေဖြစ်သူအား တိုင်တန်းနေသည်။

"စိတ်လျော့ စိတ်လျော့
ဟိုမှာ ဆင်းလာပြီ။"

မေမေရဲ့ မေးထိုးပြရာသို့ လှည့်ကြည့်လိုက်တော့
ရှိုးစမိုးအပြည့်နဲ့ ရေမွှေကိုလည်း မွှန်ထူနေအောင်စွတ်လာတဲ့ ချမ်းငြိမ်းခိုင်ကို တွေ့လိုက်ရသည်။

"ဟဲ့ ဂွန်ချောင်း ဆိုတဲ့ အကောင်
မြန်မြန်ဆင်းလာ
အဲ့မှာ ရှိုးထုတ်လွန်ပြီး ချော်ကျနေမယ်"

"မေမေ သမီးသွားတော့မယ်..."

"မမ နင်ဟာလေ ကို့ဘာသာကိုယ်လည်း သွားလို့ ရရဲ့သားနဲ့ အရမ်း အပို လုပ်တာပဲ။"

🍭Chupa🍭Chups🍭 (Z+U)Where stories live. Discover now