🍭 Chupa 🍭Chups 🍭Ch 6

197 16 4
                                    

ပူပြင်းလှတဲ့ တနေ့တာ

အိမ်ထဲမှာနေတာတောင် ပူလွန်းလို့ အပြင်လည်းမထွက်နိုင်။
ဟိုလှိမ့် ဒီလှိမ့် ၊ အိမ်နောက်၀င် အိမ်ရှေ့ထွက် ၊အိမ်ပေါ်တက်ပြီး အောက်ပြန်ဆင်း

"အမလေး ပျင်းဖို့ကောင်းလိုက်တဲ့ ဘ၀"

"အမလေး ပူလို့ သေတော့မှာပဲ "

"အမလေး အပြင်လည်း မထွက်နိုင်ဘူး ပူလွန်းလို့ "

"အမလေး ကယ်ကြပါ။ အဲကွန်းကြီး တပ်ထားပြီး အလှကြည့်နေရတယ် ဟင့် ဟင့် ဟင့် "

"အား နာတယ် ဘာလို့ လာခေါက်နေပြန်တာလဲ "

"အမလေး ဒီလို လက်ပါတတ်တဲ့ လူရမ်းကားအမနဲ့ အတူနေနေရပါတယ် သနားကြပါ။"

"ချမ်းချမ်း နင်တိတ်တိတ်နေစမ်း။ ပူရတဲ့ကြားထဲ နင့်ညည်းသံနဲ့ အိမ်ပိုပူတယ် ဟဲ့ "

ရာသီဥတုက ပူပါတယ်ဆို ဆိုဖာပေါ်လှိမ့်ပိတ်အိပ်နေပြီး အသေအလဲ အော်ညည်းနေတဲ့ ချမ်းချမ်းအား စိတ်ကမရှည်နိုင် ဝါဝါရဲ့ လက်သံက ဖျန်းကနဲမြည်အောင် အသံပေးလိုက်သည်။

ချမ်းချမ်းပြောသလို လူရမ်းကားအမဆိုသူ ငုဝါခိုင်က လက်ရမ်းကားဆိုလည်း ဟုတ်သည်ပေါ့။

ရှေ့ပြေးတော်နေမင်းက ဒီနေ့မှ အမိကမ္ဘာမြေကြီးနဲ့ ပိုနီးကပ်နေသလား အောက်မေ့ရတယ် အပူလှိုင်းတွေက ပြင်းလို့နေသည်။
ဒါကြောင့် စနေပိတ်ရက်လေးက အပြင်ထွက်ပြီး လမ်းသလားဖို့ထက် အိမ်ထဲမှာပဲ ခြေကုပ်မိနေစေသည်။

၁၀:၄၅ မှာနိုးတဲ့ အမောင်ချမ်းချမ်းက ဘေးအိမ်ကို အလည်သွားပြီး အိမ်လုပ်အုန်းနို့ခေါက်ဆွဲလေး သွားပို့ပေးတာ ယခုတော့ ပေးကမ်းစွန့်ကြဲရခြင်းအကျိုးထူးလို့ ဒကာပြန်ခံမည့်သူပါ ရသွားလေသည်။

ပြန်တွေးရင်း တစိတ်စိတ်ကျေနပ်လို့ ဟိုဘက်အိမ်က ‌ငရှည်ကောင်က ခုလိုများကျတော့ ခင်ဖို့များကောင်းနေသလားလို့။

ဘာပဲ ဖြစ်ဖြစ် ဒီတနေ့တာ အိမ်ထဲလူးလှိမ့်နေရပေမယ့် ညကျရင်တော့ အဲကွန်းခန်းထဲ ငြိမ့်ငြိမ့်ထိုင် မုန့်လေးစား အအေးလေးသောက်ပြီး သာယာလိုက်မယ့် ဖြစ်ခြင်း ။

🍭Chupa🍭Chups🍭 (Z+U)Donde viven las historias. Descúbrelo ahora