🍭 Chupa🍭Chups🍭Ch-2

735 66 2
                                    


ချမ်းချမ်းရဲ့ အိမ်ပြန်လမ်းက နားအေးပါးအေးရှိလှသည်။
သီချင်းလေးဖွင့်ပြီး စုပ်လုံးကို ပါးစပ်ထဲ ဘယ်ပြောင်းလိုက် ညာပြောင်းလိုက်နဲ့...

"ဟ...ဘာလဲကွာ
ကားကို ပိတ်ရပ်ထားတယ်"

အိမ်အဝင်လမ်းထဲ ကားတစ်စီးပိတ်ရပ်ထားသောကြောင့် ပါးစပ်ထဲမှ စုပ်လုံးကို ဆွဲထုတ်ကာ ကားပြတင်းပေါက်မှ ခေါင်းပြူကြည့်လိုက်သည်။

'အိမ်ကို ပြောင်းလာကြတာလား။'

တွေးနေတုန်းမှာပင် ပစ္စည်းတွေ ချပြီးသွားပြီထင်သည်။ ကားသမားဦးလေးက လက်ပြကာ မောင်းထွက်သွားသည်။

'အိမ်ကို ဘယ်သူတွေပြောင်းလာတာလဲ
ကြည့်ကြည့်အုံးမှ'

ဖြတ်သွားရင်း ကားမှန်မှ ခြံထဲသို့ကြည့်လိုက်တော့ အန်တီတစ်ယောက်နဲ့ ချမ်း အရွယ်လို့ထင်ရတဲ့ ကောင်လေးတစ်ယောက် အိမ်ထဲဝင်သွားသည်ကို တွေ့လိုက်ရသည်။

အိမ်ရှေ့ရောက်တော့ ခြံထဲမဝင်တော့ပဲ ခြံဝမှနေ၍ ကားဟွန်းကို တီးလိုက်သည်။
ခြံထဲဝင်ပြီး ကားကွေ့ရမည့် အလုပ်ကို ချမ်းချမ်း အလွန်ပင်ပျင်းသောကြောင့်ဖြစ်သည်။

"မေမေ ဘေးအိမ်ကို ပြောင်းလာကြပြီလား။"

စုပ်လုံးကို ပါးစောင်တစ်ဖက်သို့ပို့လိုက်ပြီး လှမ်းမေးလိုက်သည်။

"ဟုတ်မယ် သူတို့ပြောင်းလာတာ စောသားပဲ။
အရင်အိမ်ရှင်တွေပြောတာတော့ ဝယ်လိုက်တဲ့ သူတွေက နိုင်ငံခြားမှာနေတာတဲ့..သားအမိနှစ်ယောက်ထဲ ဆိုပဲ"

ဒါဆို ခုနကတွေ့လိုက်တဲ့တယောက်ပေါ့..
မျက်နှာတော့ သေချာမမြင်လိုက်ရပါဘူး။
သေချာတွေ့လိုက်တာ တစ်ခုက သူလည်း
ချမ်းချမ်း လို စုပ်လုံးနဲ့ ဆိုတာပဲ....

------------------------

------------

နံနက်ခင်းက အရင်နေ့ကထက် သာယာနေပြီး ကောင်းကင်ကြီးကလည်း ကြည်ကြည်လင်လင် ရှိနေသည်။

ချမ်းချမ်း တို့အခန်းမှာတော့ မမြင်ရသေးတဲ့ ကျောင်းသားသစ်ကို ကိုယ်ပိုင်ဒီဇိုင်းဆွဲပုံဖော်နေကြသူတွေနဲ့ ဆူညံလို့နေသည်။
ချမ်းချမ်း ကတော့ ထိုအကြောင်းကို အစောကြီးထဲက သိထားပြီးသားဖြစ်လို့ တော်တော်ကိုနားအပူခံနေရသည်။

🍭Chupa🍭Chups🍭 (Z+U)Where stories live. Discover now