🍭 Chupa 🍭 Chups 🍭 Ch9

145 12 1
                                    

အချိန်တိကျလှသော ကိုသူရိန်က မနက်စောစောမှာ အလင်းပေးဖို့ တိမ်တွေရဲ့အလွန်ကို ထွက်ပေါ်လာပြီး တာ၀န်ပြီးဆုံးချိန်၌ ဖြူစွတ်နေသော တိမ်တိုက်တို့ကို အကာပြန်ယူကာ တိမ်ပင်လယ်ကြား နစ်၀င်သွားတော့သည်။

ကြည်ပြာ‌နေသောကောင်းကင်ကြီးက ပုစွန်ဆီရောင်သန်းကာ ညနေခင်းအလှကို ပိုလို့ အသက်၀င်အောင် ပံ့ပိုးထားသည်။

အသက်မ၀င်ဘဲ လျှပ်စီးတွေလက်ကာ မိုးတွေချုန်းလို့ မိုးနတ်မင်း၏ ဒေါသမာန်အား ဖော်ဆောင်နေသည့်အလား တဂျိမ်းဂျိမ်းနဲ့ အသံစုံနေသည်က ချမ်းချမ်း၏ ကမ္ဘာဖြစ်သည်။

သူများကို မကောင်းကြံမိလို့ အခု ချမ်းချမ်းရဲ့ မွေးနေ့က လူနာစောင့်ရင်း ကုန်ဆုံးနေရသည်။ ဖယောင်း‌တိုင်မီးလေးတောင် မမှုတ်နိုင်သည်အထိ ။

အချိန်က တရွေ့ရွေ့နဲ့ နာရီလက်တံတချက်ချက်ကလည်း ခုနစ်နာရီဆိုတဲ့အချိန်ရောက်အောင် လျင်လျင်မြန်မြန်ပင်ကုန်ဆုံးသွားသည်။

"မြန်မြန်သတိရပါတော့ဟာ
မေ့တုန်းမေ့ခိုက် အသေအိပ်မယ် ကြံထားတာလား"

အဲကွန်းလေကြောင့် အေးစိမ့်စိမ့်ဖြစ်နေသော အခန်းလေးထဲ ချမ်းချမ်း၏ သက်ပြင်းသက်မ ထွေလီက တစ်ဟူးဟူးနှင့် ဟိုဟိုဒီဒီ လွင့်ပျံသွားကြသည်။

"အမေ့သား ဘယ်မှာလဲ "

အခန်းထဲမှနေကာ အနည်းငယ်သာကြားလိုက်ရသော အသံကြောင့် သိမ့်ကနဲတုန်တက်သွားသည် ၊ ထိုအသံက မိုးကြိုးပစ်သံမဟုတ်ပဲ ဝါ့ဝါ့အသံဆို ယုံပါ။

"‌ဒေါက် ဒေါက် ဒေါက် "

နေ့စဉ်ကြားနေကြဖြစ်တဲ့ တံခါးခေါက်သံလိုမဟုတ်ပဲ ညင်ညင်သာသာ အသိပေးနေသော အသံက ပိုလို့တောင် ကြောက်စရာကောင်းနေသည်။

ထိုင်နေရာမှထကာ ကုတင်နား တိုးကပ်သွားလိုက်သည်။
ခါးကို အသာလေးကုန်းချလိုက်ပြီး စူးရှတဲ့ မျက်၀န်းအလှကို ပိတ်ကာထားသော မျက်တောင် ရှည်ရှည်ကော့ကော့လေးတွေကို လေဖြင့်မှုတ်လိုက်သည်။

"ကောင်းယံထက် ထပါတော့ကွာ
ဟိုမှာ လူကြမ်းမကြီး ငါ့ကို သတ်ဖို့ လာနေပြီ "

🍭Chupa🍭Chups🍭 (Z+U)Onde histórias criam vida. Descubra agora