🍭Chupa🍭Chups🍭Ch-4

498 54 9
                                    

အမှန်တော့ တစ်စက္ကန့်မျှသာ ကြာသော အချိန်လေးကို တစ်ကမ္ဘာလောက်ဟု ထင်နေမိတာ...

"ဘာလုပ်တာလဲ ...ဖယ်"
အတွေးတွေလွန်နေတုန်း ဘေးသို့တွန်းထုတ်ခံလိုက်ရသည်။
ပြန်ပြောရန်စကားများ စီနေတုန်း နောက်မှလိုက်လာတဲ့ ဝရုန်းသုန်းကားတွေကြောင့် အမြန်ပင် ထပြေးလာရသည်။

ဟူး........

အိမ်ရောက်သည်နှင့် လွယ်အိတ်ကိုပစ်ချပြီး အိပ်ရာပေါ် ပက်လက်လန်လှဲချကာ ရင်ဘတ်ပေါ်လက်တင်ကြည့်လိုက်သည်။

သိပ်ကို တုန်လှုပ် နေတာပဲ...

ပြေးလာရလို့လား။ဒါမှ မဟုတ်......

ဟင့်အင်း...မဟုတ်သေးပါဘူး။
ဒီထက်ပိုသော အတွေးတို့ အတွေးမိခင် ခေါင်းကို အကြမ်းပတမ်းခါပစ်လိုက်သည်။

*****

ဒီနေ့ physic မေဂျာက မေဂျာပွဲလေးတစ်ခုရှိလို့ ချမ်းချမ်းအတွက် အနောက်ကလိုက်နေမယ့်သူတွေမရှိတော့ သာသာယာယာရှိလှသည်။

အတန်းချိန်တွေစဖို့လည်း အချိန်ကလိုနေသေးတာမို့ ဘောလုံးကွင်းဘက်သွားဖို့ ဟန်ပြင်လိုက်သည်။

ချမ်းချမ်းတစ်ယောက် ကားပေါ်မှဆင်းပြီး လွယ်အိတ်ကို တစောင်းလွယ်လိုက်ပြီး နဖူးရှေ့ ဝေ့ဝဲနေသော ဆံပင်အနီတို့အား လေနဲ့ မှုတ်ထုတ်လိုက်ကာ လက်ထဲအသင့်ရှိနေသော စုပ်လုံးလေးကိုပါ ပါးစပ်ထဲထည့်လိုက်သည်။

"ဝါး...မိုက်ချက်..."

မျက်စိရှေ့သို့ ဝင်လာသည့် ပြိုင်ကားအမဲလေးအား အရသာခံ ငေးကြည့်ရင်း အိမ်ကအမေကိုလည်း လှမ်းပြီး စိတ်ကောက်လိုက်သေးသည်။

"ဟင့် မေမေတို့နဲ့တော့ အဲ့လိုကားမျိုး စီးရဖို့ မမြင်ဘူး။"

ကို့ကားကိုယ် ကြည့်ကာ အပြစ်တင်လိုက်သည်။

"ချီး....အဲ့တာ ဟို အူကြောင်ကြားမလား။"

အနီးအနားမှာသာ ရေရှိရင် မျက်နှာတောင်ပြေးသစ်လိုက်ချင်သည်။
တကယ်ကြီး အူကြောင်ကြား..

ကားကို ငေးလို့မဆုံးသေးဘူး။ ကားပေါ်မှဆင်းလာသည့် ကောင်းယံထက်ကြောင့် ချမ်းချမ်းရဲ့ ပြိုင်ကားကြီးကို သွားရည်ကျနေသည့် မျက်နှာက ချက်ချင်းကြီးကို ခရမ်းသီးမီးဖုတ်လို မဲမှောင်ကျသွားသည်။ ထို့အပြင် ချမ်းချမ်း မျက်ဆံကြီးပြူးပြီး မျက်လုံးတွေကျွတ်ကျမတတ် စိုက်ကြည့်နေသော ကောင်းယံထက် က ချမ်းချမ်းကို တစ်ချက်သာ စိုက်ကြည့်လိုက်ပြီး ထွက်သွားလိုက်တာမို့ ဒေါသက ငယ်ထိပ်တက်စောင့်ပြီး ခေါင်းကိုပါ ဖောက်ထွက်သွားပြီဖြစ်သည်။

🍭Chupa🍭Chups🍭 (Z+U)Tahanan ng mga kuwento. Tumuklas ngayon