Chupa🍭 Chups🍭 Ch-5

552 55 15
                                    

နံနက်ချိန်ခါတေးသံသာ.......တဲ့

"ဒုန်း....ဒုန်း...ဒုန်း .........."

" ထတော့လို့ ငါပြောနေတယ်နော်"

"ဒုန်း...ဒုန်း.....

ချမ်းချမ်းရေ....."

"ဘာလဲ ဟာ....ဘာလဲ"

အခုမှ မထရင်လည်း မဖြစ်တော့.ဘူး.
ပတ်တာလည်း ပျက်ပြီး တံခါးရွက်ပါ ကွာကျတော့မယ်..
ထုကောင်းကောင်းနဲ့ ထုနေသလား အောက်မေ့ရတယ်..
ကျောင်းပိတ်ရက်လေး ရေးရေးလူလူအိပ်ရမလားမှတ်တယ် အားအားရှိ အဲ့တံခါးပဲ လာလာထုနေတယ်
ထု ထုနိုင်လွန်းတယ်

အိပ်ရာပေါ်ကကုန်းထရင်း ရှုပ်ပွနေသောဆံပင်တို့အား ထပ်ခါထပ်ခါဆွဲဖွလိုက်ပြီး တံခါးကို ဖွင့်လိုက်သည်။

စိတ်တိုတယ် တကယ်ပဲ ...အိပ်နေတာကို

"ဘာလဲ...ပြော"

"ဘာလဲ ပြော ဟုတ်လား....လာ....နင်ဒီကိုလာ"

"အား....အား....နာတယ်ဟ ဘာလို့ ဆံပင်ကိုလာဆွဲနေတာလဲ"

"ကြည့် ဘယ်အချိန်ရှိပြီလဲ"

ပြောတာတောင် မရ ဆံပင်ကြီးဆုပ်ဆွဲလျှက် အခန်းထဲဝင်ကာ စားပွဲပေါ်က နာရီကို ထိုးပြနေတော့သည်။

"10:45 လေ
မမရယ် နာရီကြည့်ချင်လည်း နင့်အခန်းမှာ နင်ကြည့်ပါလား "

"10:45 ဟုတ်လား "

"ဒါ လူထတဲ့အချိန်လား"

"မျက်နှာသစ်ပြီး မြန်မြန်ဆင်းလာခဲ့

"မ...."

"ဘာမှထပ်မပြောနဲ့"

ပြောချင်တာပြောပြီး ထွက်သွားပြန်ပြီ ဟင့် မြန်မြန်ယောက်ျားရမှ အေးမယ်

"ပြော ဘာလုပ်ဖို့လဲ"

"ရော့ ဒါ ဘေးအိမ်ကို သွားပို့လိုက်"

"ဘေးအိမ်"
ဘေးအိမ်ဆို ဟိုကောင်တို့အိမ်ပဲ
ကိုယ့်ပုံကို တစ်ချက်ပြန်ငုံ့ကြည့်လိုက်သည်။
မဖြစ် ဒီပုံနဲ့သွားလို့တော့ မဖြစ်
ကိုယ့်ဘာသာတစ်ယောက်တည်းတွေးရင်း အိမ်ပေါ်ပြန်တက်ပြီး အဝတ်လဲရန်ပြင်လိုက်သည်။
ဒါလေးဆို အရမ်းပိုနေမလား ...ဒါ‌ လေး ကရော ...အရောင်က..ထင်းနေလား
မှန်ရှေ့တွင်ရပ်ကာ အင်္ကျီတွေတစ်ထည်ပြီးတစ်ထည်ရွေးနေလေသည်။

🍭Chupa🍭Chups🍭 (Z+U)Tempat cerita menjadi hidup. Temukan sekarang