2

10.4K 991 93
                                    

(Zawgyi)

ခပ်ဖွဲဖွဲကျနေသော မိုးစက်လေးများကို လျစ်လျူရှုကာ အိမ်မှကားမောင်းထွက်လာခဲ့သည်။
Appaမိတ်ဆွေတစ်ယောက်၏သားကို အိမ်တွင် ခေါ်ထားရမည်ဟူသောအမိန့်ကြောင့် ထိုကောင်လေးအိမ်သို့သွားနေခြင်းသာ။ ငယ်ငယ်က ထိုအိမ်သို့သွားဖူးသော်ငြား ထိုအိမ်ကကောင်လေးနဲ့သူတစ်ခါမျှ မဆုံဘူးသေး။

ကြားရသလောက်တော့ ထိုကောင်လေးမှာ အနည်းငယ်ဂျစ်ကန်ကန်နိုင်တာကြောင့် သူ့ဆီ ယာယီပို့ထားခြင်းဖြစ်သည်ဟု Appaကပြောထားသည်။

ခြံရှေ့ကားကိုရပ်ကာ အိမ်ခန်းထဲဝင်သွားတော့ ဧည့်ခန်းထဲမှာထိုင်နေတဲ့ အန်တီနဲ့ အန်ကယ်

"Aww သား Yoongiရောက်လာပြီးလား လာ..လာထိုင် "

"ဟုတ်ကဲ့ အန်တီ"
သပ်သပ်ရပ်ရပ်ရှိလှသော အိမ်ကြီးကို Yoongi ဟိုကြည့်ဒီကြည့် အကဲခတ်ကြည့်သော်လည်း အခုထိ သူနှင့်အတူနေရမည်ဆိုသော ကောင်လေးအားမတွေ့သေး

ထိုအခါ ကောင်လေး၏ အမေဖြစ်သူမှ

"သားခနစောင့်နော် ဒီကောင်လေး ဘာလို့ကြာနေလည်းမသိဘူး"

"ရပါတယ်အန်တီ"

အတန်ကြာတော့ လှေကားပေါ်မှ ဆင်းလာတဲ့ ကောင်လေး

"Jiminသားရေမြန်မြန်လာ ဒီမှာ Yoongiစောင့်နေတာကြာပြီး"

ကောင်လေးအမေရဲ့စကားအဆုံး အပေါ်ကိုမော့ကြည့်လိုက်တော့ Yoongiမျက်နှာတစ်ချက်ပျက်သွားသည်

ဒါဟိုနေ့ကသူ့ကို တိုက်မိတဲ့ ကလေးမလား ဒီအရွယ်ကြီးက ၁၈နှစ်တဲ့လား ရုပ်က မသိရင် ငါးနှစ်သားလိုလိုဘာလိုလိုနဲ့

အထုပ်တွေကိုဆွဲကာ ဆင်းလာသောကောင်လေး

"Jimin ဒါမင်းနဲ့တူတူနေရမယ့်သူ Min Yoongiတဲ့"

ကောင်လေးမှ အခုထိကျွန်တော်နှင့်အကြည့်ချင်းမဆုံသေး

ပုသေးသေးဖြစ်နေသော လက်ကလေးကိုကျွန်တော့်ရှေ့ ကမ်းလာကာ

"အာညော် ကျွန်တော်က Park Jiminပါ"

ခေါင်းငုံလျက်အနေအထားဖြင့် ကျွန်တော့်အားသူလက်ဆွဲနှုတ်ဆက်သည်။ အခုချိန်ထိ ကျွန်တော့်မျက်နှာကိုသူမတွေ့သေး ကျွန်တော်ကလည်းသူ့ထက်အရပ်မြင့်နေတာကိုး။

Daddy Min[M.Y.G×P.J.M]✔Where stories live. Discover now