6

7.7K 802 42
                                    

(Zawgyi)

"ခွေးကောင်တွေ မင်းတို့ဘာလုပ်နေကြတာလည်း"

ထိုအခါ ထိုကျောင်းသားသုံးယောက်မှ Yoongiကိုလှည့်ကြည့်လာကာ

"ဘာလည်း ခင်များကဘယ်သူလည်း?"

Jiminလည်း Yoongiကိုတွေ့တော့ အားကိုးတကြီးနဲ့ကြည့်ရှာသည်

"Hy...hyung"

"တိတ်စမ်း...ခွပ်"

"အ.ဟ"

JiminမှYoongiကို လှမ်းအကူညီတောင်းလိုက်လို့ထင် ကျောင်းသားတစ်ယောက်က Jimin ဝမ်းဗိုက်ကို ခပ်နာနာ ထိုးထည့်လိုက်ခြင်းပင်..

"တောက်! ခွေးကောင်တွေ"

Jiminကို သူ့ရှေ့တွင် ထိုးလိုက်သော မြင်ကွင်းကား Yoongiကို ဒေါသထွက်စေသည်

သည်းမခံနိုင်သည့်အဆုံး အရှေ့မှကျောင်းသားသုံးယောက်ကို ဆွဲထိုးတော့သည်

Yoongiတစ်ယောက်သွေးဆူနေလို့လားတော့မသိ ထိုသုံးယောက်ထဲမှ တစ်ယောက်ကိုထိုးနေသည်မှာ သွေးပင် တော်တော်ထွက်နေလေပြီး အတန်ကြာမှရပ်လိုက်တော့ ကျန်နှစ်ယောက်လည်း ကြောက်သွား၍ဖြစ်မည် ထိုးခံထိသော တစ်ယောက်ကို ဆွဲထူကာ ပြေးထွက်သွားကြသည်.

စိတ်ကိုငြိမ်အောင်ပြန်ထားပြီး ဘေးနားကိုကြည့်လိုက်တော့ ပြဲနေတဲ့ အင်္ကျီလေးကို ကိုင်ကာ ခန္ဓာကိုယ်လေးကို ဖုံးထားပြီး.
ဒူးလေးထောင်က မျက်နှာလေးကို မဖော်ဘဲ ငုပ်ထားတဲ့သူ

သူလေးနားသွားကာ

အပေါ် coatလေးကို ခြုံပေးလိုက်သည်

"Jimin Hyung ကိုကြည့် Jimin"

"ဟင့်အင်း"

"Jimin မျက်နှာမော့"

"ဟင့်အင်း"

"ဘာဖြစ်လို့လည်း"

"ရှက်..ရှက်လို့!"

သူရှက်လည်းရှက်မှာပေါ့လေ အရွယ်ရောက်ပြီးသား ကောင်လေးတစ်ယောက်ကို လူပျိုရည်ပျက်လုနီးနီး အနိုင်ကျင့်နေကြတာကိုး

ရှက်နေသောကောင်လေးကို ခေါ်မရတဲ့အဆုံး တုန်ရီနေသော ခန္ဓာကိုယ်လေးကို ပွေ့ချီလိုက်တော့ သူ့လက်လေးတွေက ကျွန်တော့်လည်ပင်းကို ဖက်တွယ်ပြီးသား သို့သော် မျက်နှာကို ကျွန်တော့်ရင်ဘက်နဲ့ အပ်ကာဖွက်ထားသေးသည်.

Daddy Min[M.Y.G×P.J.M]✔Where stories live. Discover now