7

8.1K 844 32
                                    

(Zawgyi)
"အခုလောလောဆယ် အကျီင်္ီချွတ်လိုက်"

"Nae??"

"ဟာ အအေးပြန်ပက်တော့မှာဘဲ မြန်မြန်လုပ်လေ"

အင်္ကျီချွတ်ခိုင်းနေသည်ကို မြန်မြန်မချွတ်ဘဲ ကြောင်တောင်တောင်ဖြစ်နေသော ကောင်လေးကို အားမရတော့ သူ့ကိုမစောင့်နေတော့ဘဲ ကိုယ်တိုင်သာ အင်္ကျီကိုချွတ်ပေးလိုက်တော့ ပြူးကြောင်ကြောင်လေးနဲ့ကျွန်တော့်ကို ပြန်ကြည့်တဲ့ကောင်လေး

ထို့နောက် သူ့အင်္ကျီအောက်က ဖုံးကွယ်ထားတဲ့ ဗိုက်သားဖြူဖြူလေးတွေ အထင်းသားပေါ်နေတဲ့ညှပ်ရိုး ဒီဟာလေး လူရောဟုတ်ရဲ့လား ဂလု ဘာလို့ဒီလောက် လှနေရတာလည်း

အခုတော့ Min Yoongiဆိုတဲ့ကျွန်တော်သိလိုက်ပါပြီး
ဟိုကောင်တွေသူ့ကို ပြစ်မှားချင်လည်း ပြစ်မှားချင်စရာဘဲလေ
ယောကျာ်းလေးတစ်ယောက်ထက်ပိုတဲ့ အလှတရားတွေကိုသူပိုင်ဆိုင်ထားတာကိုး

"Hyung.. Hyung"

အတွေးလွန်နေလို့လားတော့မသိ အရှေ့က အပေါ်ပိုင်းဗလာလေးနဲ့ ကောင်လေးအသံကြားမှသတိပြန်ရတော့သည်

"အော် အင်းအင်း"

"ဟို...ဟိုလေ အပြင်ထွက်ပေးပါလား "

"ဘာလို့?"

"ဟိုကျွန်တော် ဘောင်းဘီပါလည်းချင်လို့ အဲ့တာ"

စကားပြောနေတာများ ပါးရဲရဲလေးနဲ့ ကျွန်တော့်မျက်နှာကိုမကြည့်ဘဲနဲ့ ခေါင်းငုံ့နေတာ
ဒီကလေး တယ်လည်းရှက်တတ်သား

"အဟမ်း အင်း...အင်းပါ"

သူ့အလိုအတိုင်း အခန်းထဲက ရှောင်ပေးလိုက်ပြီးတအောင့်နေကာ အခန်းထဲပြန်ဝင်လာကြည့်လိုက်တော့ အိပ်ပျော်နေတဲ့သူ

အနားသွားကာ နဖူးကိုစမ်းကြည့်တော့ ကိုယ်ငွေ့နွေးနွေးလေး ရှိနေသည်

အဝတ်ရေစွတ်လိုက်က နဖူးပေါ်တင်ပေးလိုက်တော့ အသံ ပိစိလေးထွက်ကာ နိုးလာတဲ့သ

"အင်း ဟင်း Hyung!"

"အင်း Jimin ဘာဖြစ်လို့လည်း"

Daddy Min[M.Y.G×P.J.M]✔Where stories live. Discover now