(Zawgyi)
မိုးလင်းတော့ မျက်လုံးကိုအသာဖွင့်ကာ ဘေးနားကြည့်လိုက်တော့ ဟိုလူကြီးရှိမနေ ဒီအတိုင်းဆို မနက်စာအတွက်ပြင်နေပုံရသည်.စိတ်တိုလိုက်တာ မနက်ခင်းလေး သူ့မျက်နှာကို အဝကြီး ခိုးကြည့်ပါမယ်ဆို အခုတော့ စိတ်ကူးတွေပျက်ပြီး
ထားပါတော့ နောက်အခွင့်အရေးရမှဘဲ အဝကြည့်တော့မယ်
ကျောင်းချိန်ရောက်တော့မှာမို့ လုပ်စရာရှိတာလုပ်ကာ ကျောင်uးniformလဲပြီး မနက်စာစားရန် အောက်ထပ်သို့အလျင်အမြန်ဆင်းလာလိုက်သည်
မီးဖိုခန်းထဲရောက်တာနဲ့ အသင့်ဖြစ်နေတဲ့ မနက်စာ
မနက်စာပြင်ဆင်နေသော လူသားက သူ့ကိုတွေ့တော့ နှုတ်ခမ်းပါးပါးလေးများ ပျောက်ကွယ်လုနီးပါးရီပြသည်
တကယ်အသက်ဝင်လိုက်တာ~~~~
"Hyung အခုဘဲ သွားခေါ်တော့မလို့ လာအတော်ဘဲ "
"အင်း Hyung"
..............................................
ကျောင်းလိုက်ပို့ပြီး အရှေ့ရောက်တော့ ကားပေါ်ကနေ ခါးပတ်ဖြုတ်ပြီးဆင်းမယ်လုပ်တုန်းရှိသေး
"Jimin ခနလေး"
လက်တစ်ဖက်ကို သူ့လက်နဲ့ ရုန်းမရအောင်ပင် ခပ်တင်းတင်းဆွဲထားတာမို့ အလန့်တကြားပင်ဖြစ်မိသည်
"ဘာလို့လည်း Hyung?"
မေးတာကို လုံးဝမဖြေတဲ့အပြင် တဖြည်းဖြည်း အနားကို ပိုပိုတိုးလာတာမို့ နလုံးခုန်သံတို့မြန်လာရပြန်သည်.
ကြာလေ သူ့မျက်နှာက ကိုယ့်မျက်နှာနား ပိုကပ်လာလေ ခေါင်းပူလာလေ
ကြောက်လွန်းလို့ မျက်လုံးကို မှိတ်ချလိုက်သည်..
အတန်ကြာမျက်လုံးများ မှိတ်ထားပြီးဖြစ်သော်လည်း အခြေအနေ တစ်စုံတစ်ရာမှ ဖြစ်ပေါ်လာခြင်း မရှိတာမို့ မျက်လုံးကိုအသာလေးဖွင့်လိုက်သည်
သို့သော်လည်း သူ၏မျက်နှာမှာ နီးကပ်နေဆဲ
ထို့နောက် မနက်ကကဲ့သို့ နှုတ်ခမ်းပါးလေးတွေပျောက်လုနီးပါးနှင့် သွားဖြူဖြူလေးများပေါ်အောင်သူရီပြကာ