13

7.5K 718 134
                                    

(Unicode)
ဒီနေ့ စာမေးပွဲပြီးတော့ နေ့လည်ကတည်းက အနားယူမယ်ဆို​ပြီး အိပ်နေတာ

နိုးနိုးချင်း နာရီကြည့်လိုက်တော့ ၃နာရီလောက်ရှိနေပြီး

တစ်အိမ်လုံးဘာသံမှမကြား

Daddy အခန်းထဲသွားကြည့်တော့ fileတွဲတွေနဲ့အလုပ်ရှုပ်နေတာ

အခုမှတွေးမိတော့ ကျွန်တော် မနက်ဖြန်ဆိုအိမ်ပြန်ရတော့မှာဘဲ ဒါဆိုDaddyနဲ့ခွဲရတော့မှာပေါ့

ဝမ်းနည်းလာလို့ သူ့ဘေးနားသွားပြီး

"Daddy"

"အင်း"

ပါးစပ်ကသာ အင်းလို့ပြောနေတာ မျက်လုံးကတော့ သူ့စားပွဲပေါ်က fieတွဲတွေဆီမှာဘဲ

"Daddy လို့"

"အင်းပြောလေ"

အခုလည်း သူကျွန်တော့်ကို လုံးဝမကြည့်ဘူး

မရဘူး မကျေနပ်ဘူး ဒီကPark Jiminလေး စိတ်တိုလာပြီး

စိတ်တိုတိုနဲ့ သူ့ပေါင်ပေါင်ကိုအားရပါးရတက်ထိုင်ပြီ သူ့ပုခုံးပေါ်မှီအိပ်ပလိုက်သည်။

"ဟာ Ji jiminဘယ်လိုဖြစ်တာလည်း ကိုယ်အလုပ်လုပ်လို့မရတော့ဘူး"

သူ့ပေါ်တက်ထိုင်ကာ သူ့အားတင်းကျပ်စွာ ဖက်ထားပြီး

"အိပ်ငိုက်လို့"

"ဟောခင်များလေးခုနကဘဲ အိပ်ရာကထတာမလား ပြောပါဦး"

"မသိဘူး Daddyမှ ကျွန်တော့်ကို အဖတ်မလုပ်တာ"

"ကိုယ်အလုပ်လုပ်နေလို့ပါကွာ"

"တစ်ချိန်လုံး အဲ့အလုပ်ဘဲအကြောင်းပြနေတာဘဲ ပြီးတော့ ဒီနေ့ကဘယ်လောက်အလုပ်များများ ကျွန်တော့်ကို အချိန်ပေးရမှာမလား! တော်ပြီ မပြောတော့ဘူး"

ချက်ချင်းသူ့ကိုယ်ပေါ်က ဆင်းကာ အခန်းထဲကပြေးထွက်မလို့လုပ်တုန်းရှိသေးတယ်

အနောက်ကနေ ကျွန်တော့်ခါးကို သိုင်းဖက်ထားးတဲ့သူ

"ဒါကဘယ်လည်း စိတ်ကောက်လေးရဲ့"

ဖက်တွယ်ထားတဲ့သူ့လက်ကို ဖြုတ်ချမယ်လုပ်တော့ ဖြုတ်ချလို့မရ ကျွန်တော့်ခါးကို သူက သေသေချာချာ ဖက်ထားတာ

Daddy Min[M.Y.G×P.J.M]✔Where stories live. Discover now