4

8.8K 867 29
                                    

(Zawgyi)
မနေ့ညက ဒေါသကြောင့် ထိုကလေးအား လက်လွန်သွားသည်. ထိုကလေးကတော့ အခန်းတံခါးကို lockချထားကာ ညစာစားရန်သွားခေါ်သော်လည်း ထွက်မလာ.

ချော့ရအောင်လည်း Min Yoongiဆိုတဲ့ ကျွန်တော်ကလည်း ဘယ်သူ့ကိုမှ အလေးအနက်ထားပြီး ချော့မော့တတ်တဲ့သူမဟုတ်

ဟူး.... အခုလည်း ဒီကလေးတစ်ယောက်ကတော့ မနက်ကတည်းက အခန်းထဲကမထွက်လာ အသံတိတ်နေသည်. ကျောင်းပိတ်ရက်ဆိုတော့ ပိုလို့ပင်ဆိုးသွားသည် အခန်းအောင်းနေကာ လုံးဝကိုထွက်မလာတော့.

ဘယ်လိုဘဲဖြစ်ဖြစ် ကိုယ်နဲ့တစ်အိမ်တည်းနေနေတာမို့ ယခုလက်ရှိ အုပ်ထိန်းသူက ကိုယ်ကိုယ်တိုင်ပင်ဖြစ်နေတော့ ဒီကလေးကို ဒီတိုင်းပစ်ထားလို့တော့မရ

ဘေးချင်းကပ်ရပ် အခန်းဖြစ်သော ထိုကလေးအခန်းရှေ့သွားကာ

"Jimin ya Park Jimin"

"Ya Jimin မင်းအခန်းဘဲအောင်းမနေနဲ့ ya Jimin ငါပြောတာကြာလား"

အခန်းထဲမှ respond ပြန်မလာသော ကောင်လေးကြောင့် Yoongiစိတ်ပင်မရှည်တော့

အခန်းသော့ အပိုသွားယူကာ အခန်းထဲဝင်သွားတော့ အိပ်ပျော်နေသော ကောင်လေး
မျက်နှာကို သေချာကြည့်မိတော့ သွေးအနည်းငယ်စို့နေသော နှုတ်ခမ်းထောင့်ကနေရာလေး

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပါသော ကောင်လေးအားမနှိုးရက်ဘဲ ပခုံးထက်ထိ စောင်ခြုံပေးလိုက်ကာ အခန်းထဲမှထွက်လာလိုက်သည်

Yoongiအခန်းထဲမှထွက်လာပြီး ရုတ်တရက်ပြုံးလိုက်မိကာ

အဟက် မသိရင် သူ့ကိုယ်သူ တကယ့်လူမိုက်ကြီးလိုလို ဘာလိုလိုနဲ့ တကယ့်တကယ်တမ်းတော့ အရွယ်မရောက်သေးတဲ့ ကောင်ဆိုးလေးမသိရင်ခက်မယ် ဒီကလေးနဲ့တော့

ဟင်း ဒီကလေးဆိုးကို မနေ့က စိတ်လွတ်ပြီး လက်လွန်သွားတာ စိတ်ပြန်လျှော့ရမည်လေ

Yoongiတစ်ယောက် တစ်အောင့်နေတော့ ဆေးသေတ္တာယူကာ Jimin အခန်းထဲပြန်ဝင်လာလိုက်သည်.အခန်းထဲဝင်တော့ ကောင်လေးအားမတွေ့ မဟုတ်မှလွဲရော ဒီကလေးအိမ်က ထွက်ပြေးသွားတာလား

Daddy Min[M.Y.G×P.J.M]✔Where stories live. Discover now