5

8.5K 834 134
                                    

(Zawgyi)

ယနေ့ကား Yoongiရော Jiminရော နှစ်ယောက်လုံး holidayဖြစ်နေတာမို့် အိမ်ထဲတွင်သာ အောင်းဖြစ်ကြသည်

မိုးလင်းကတည်းက gameသာ ထိုင်ဆော့နေသော Jiminကြောင့် Yoongiမျက်စိထဲ ကိုးလိုးကန့်လန့်

"Park Jimin မင်းတစ်နေကုန် Gameဘဲ ဆော့နေမှာလား?"

"အဲ့တော့ Hyungက ဘာလုပ်ချင်လို့လည်း?"

အမလေးနော် တော်တော်စွာတဲ့ဟာလေး ငါလုပ်သတ်ရင် ဟင်း ဒင်းတော့လေ

"မင်းအခု အကြီးကို ပြန်ခံပြောနေတာလား!"

Jiminတို့ကဘယ်ခံမလည်း Yoongiကို ပါးစပ်နဲ့ ပြန်ခံမပြောတော့ဘဲ မျက်စောင်းတွေသာ လွှတ်ကျွေးနေတော့သည်.

"Park Jimin မင်းအချိုးတွေပြင်စမ်း"

"Hyung ဘာပြောလိုက်တယ် ကျွန်တော်မကြားလိုက်လို့"

"Ya! မင်း ထမင်းငတ်ချင်နေတာလား"

Yoongi အစားအကြောင်းလည်း ပြောလိုက်တော့ Jiminတို့ချက်ချင်းကို အချိုးပြောင်းသွားပါလေရော...

"Ah,Hyung ကလည်း ဟို ကျွန်တော် သေချာမကြားလိုက်လို့ပါ စိတ်မတိုရဘူးလေ ဒါနဲ့ ကျွန်တော်စာသွားလုပ်လိုက်အုံးမယ်နော် ဟီး ထမင်းစားချိန်ကျရင် ခေါ်လိုက်နော်""

ချက်ချင်း Phone ကို offကာ အပေါ်တက်သွားသော Jiminကြောင့် Yoongi မခို့တရို့လေးပြုံးလိုက်မိသည်

စောက်ကလေး ငတ်မှာကြတော့ တော်တော်ကြောက်တယ်

~~~~~~~~~~~~~~~~~~~~~

နေ့လည်ရောက်တော့ အခန်းထဲက မထွက်လာသေးသော အသေးကောင်ကြောင့် Yoongiတစ်ယောက် အမောင် Jiminကိုခေါ်တော်မူရန် အခန်းရှေ့သို့သွားရပြန်ပါသည်

"Jimin Yah! Park Jimin ထမင်းစားမယ် ထွက်ခဲ့"

တုံ့ပြန်သံ ပြန်မလာပါသော အသေးကောင်လေးကြောင့် Yoongiတို့ နောက်တစ်ကြိမ် Jiminအခန်းထဲသို့ အလည်သွားရပြန်ပါသည်.

အခန်းထဲဝင်ဝင်ခြင်း တွေ့ပါပြီး စာအုပ်ကြီးဖွင့်ရက်သား အိပ်ပျော်နေသော အသေးကောင်လေး ပါးစပ်လေးကလည်းဟစိဟစိနဲ့

Daddy Min[M.Y.G×P.J.M]✔Where stories live. Discover now