12

7.8K 764 89
                                    

(Zawgyi)
အိပ်မဝသေးသော်လည်း မျက်နှာအားလာရောက်တိုက်ခတ်နေသော ခပ်ရှရှလေငွေ့ လေးကြောင့်မျက်လုံးများဖွင့်ကြည့်လိုက်တော့
မိမိအားရင်ခွင်ထဲတင်းကြပ်စွာ ထည့်ထားကာ အိပ်မောကျနေသူ

မနေ့ကကျွန်တော့်ကို ချော့ရင်း ကျွန်တော့်အခန်းထဲမှာဘဲ နှစ်ယောက်သားတူတူအိပ်ဖြစ်သွားကြသည်.

နေပါဦး ကျွန်တော့်မျက်နှာကိုလာလာထိနေတဲ့ Daddyရဲ့အသက်ရှူငွေ့လေးက ဘာလို့ပူနေတာလည်း

စိတ်ပူတကြီး နဖူးကိုစမ်းတော့ ကိုယ်ကတအားပူသည်မဟုတ်ပေမယ့် သာမန်ထက်တော့ နည်းနည်းပိုပူနေတယ်

ဘာလုပ်ဘာကိုင်ရမှန်းမသိတော့
ကိုယ်ကိုလှုပ်နိုးလိုက်သည်.

"Daddy.. daddyရေ Daddyလို့"

"အင်း.. ဟင် ဘာဖြစ်လို့လည်း ကလေး?"

မျက်လုံးများဖွင့်ဖွင့်ချင်း မျက်ရည်ဥနေသော အကြည့်တို့ကိုတွေ့လေတော့ လန့်သွားရသည်.

အရှေ့မှ ပိစိက မိမိ၏ပါးနှစ်ဖက်အား လက်ဖောင်းဖောင်းလေးဖြင့်ကိုင်ကာ

"Daddy နေမကောင်းဘူးမလား ကိုယ်တွေပူနေတယ် ဘယ်လိုလုပ်ရမလည်း?"

အယ် ဒီကလေးနဲ့တော့ ဒုက္ခ ကျွန်တော်ကိုယ်ပူတာကို သူကမိုးပြိုတော့မည့်အတိုင်း
ကိုယ်ပူတယ်ဆိုပေမယ့် ဘာမှတော့သိပ်မဖြစ်
အလုပ်ပင်ပန်း၍သာ့ အနည်းငယ်နုံးသွားခြင်းပင် ဒါကိုဟိုကလေးက ကမ္ဘာပျက်နေပြီး

"ဟောဗျာ ကိုယ်ကအလုပ်ပင်ပန်းလို့နည်းနည်း နုံးသွားတာ ခနနေပျောက်လိမ့်မယ်"

"ဟင့်အင်း မရဘူးဆေးသောက်ရမယ်"

"ထားလိုက်ပါကလေးရဲ့ သူ့ဟာသူပျောက်သွားလိမ့်မယ်"

"Daddy! ဘာလို့ ပြောစကားနားမထောင်တာလည်း ဆေးသောက်ရမယ်လို့်ပြောနေတယ်လေ!"

်အမလေးလေး အကောင်သေးသလောက် ပေါ့သေးသေးမဟုတ် လူကိုပြန်အော်ဖို့ ဘယ်ကအားတွေရမှန်းမသိဘူး ကြောက်လိုက်တာဗျာ Min Yoongiတို့အခုဆို ကမ္ဘာပေါ်မှာ အကြောက်ဆုံးလူက Appaပြီးရင်ဒီအကောင်ပေါက်လို့တောင်ပြောရမလားဘဲ

Daddy Min[M.Y.G×P.J.M]✔Where stories live. Discover now