Part- 3

6.1K 445 28
                                    

ဆရာတွေက ကျောင်းစုံညီအတွက် အလုပ်ရှုပ်နေကြတာကြောင့် ....သူတို့အကြီးတန်းတွေ လွတ်လပ်ရေးရနေကြတော့သည် ...
တစ်တန်းလုံး ဆူညံနေကြပေမယ့်...ချန်းယောလ်ကတော့ ခပ်ချေချေ ဒီဇိုင်းနဲ့ ဖုန်းထိုင်သုံးနေသည် ။
သူစိတ်ဝင်စားစရာ တွေ့ရင်....ခပ်ရေးရေးလေးပြုံးလိုက်ပုံလေးတွေ ...
သဘောမကျတာ ဆို ထိမတက်တွန့်ချိုးသွားတဲ့ ...နက်မှောင်နေတဲ့ မျက်ခုံးတွေ ...
ဆံပင်ကို ဖြစ်သလို လက်နဲ့ဆွဲဖွထားကာ....အင်္ကျီကြယ်သီးဖြုတ်ထားပုံကလည်း တစ်မျိုး Sexy ကျနေပြန်ရော...!

" ချန်း...တို့ ကန်တင်းသွားမလို့ ပျင်းနေရင် လိုက်ခဲ့ ပါလား "

ယူရီ တို့ စပြီး ရေလာမြောင်းပေးလုပ်နေပြန်ပါပြီ။ ခပ်ပြင်းပြင်းရေမွှေးနံ့ကြောင့်...ချန်းယောလ် နှာခေါင်းကိုလက်ညှိုးနဲ့ပိတ်လိုက်တော့ ...ယူရီ နည်းနည်းရှက်သွားသည်

" ကိုယ် မအားဘူး...ပြီးရင် ဆယ်ဟွန်း ဆီ သွားရဦးမှာ Sorry ! "

"ချန်း...က ညီလေးကို အရမ်းဂရုစိုက်တာဘဲနော်...သူ့ ညီလေးကို သဝန်ကလည်း တိုသေး အဲ့ကောင်လေး ....ကံကောင်း...လိုက်တာ ! "

ယူရီ.....ချန်းရှေ့ တမင်ရင်ဘတ်ကို လှုပ်ခါပြီး ပြောလိုက်တော့ ...

" ကိုယ့် ပုံစံက ညီတစ်ယောက်ကို သဝန်တိုတာမျိုးနဲ့ တူနေလို့လား?? "

ခပ်တည်တည်ကြီးနဲ့ မေးလာတော့ ယူရီ ခမျာ အင်တင်တင်နဲ့ ဘာပြောလို့...ပြောရမှန်းမသိ ။
ချန်းကတော့ အခန်းပြင်တောင် ရောက်သွားပြီ
...
ဒီရေခဲတုံးကြီး သူမ ကို ကြွေလာအောင် ဘယ်လိုမြူဆွယ်ရမလဲ??
တကယ်ဘဲ...ဒီလောက် လမ်းဖွင့်ပေးနေတာတောင် ဟင့်~

" ဆယ်ဟွန်း က သူ့ညီ မဟုတ်ဘူးလား?? "

..................................................

" Oppa ဒါလေး ရှင်းပြပေးပါလားဟင်? "

အသစ်ပြောင်းလာတဲ့ ကောင်မလေးက ဆယ်ဟွန်းနား လိုက်ကပ်နေတော့သည် ။
တစ်တန်းလုံးမှာ အနေအအေးဆုံး ....တည်တည်ငြိမ်ငြိမ်ပုံစံလေးနဲ့ ....ဆယ်ဟွန်းကို ကြိုက်တာ သူမ အပြစ်မဟုတ်!
စီနီယာ ချန်းယောလ် အပိုင်ဆိုတာ မသိရင် တော့ သူမ အပြစ်ဖြစ်သွားပြီ ...

𝐃𝐚𝐫𝐥𝐢𝐧𝐠 // (Completed)Where stories live. Discover now