Part- 15

5.8K 446 64
                                    

နွေးထွေးလွန်းတာကြောင့် မျက်လုံးတွေကို မဖွင့်သေးဘဲ ဆက်အိပ်နေမိတယ် ။
နှာခေါင်းဝမှာ ရလိုက်တဲ့ ကိုယ်သင်းနံ့ကြောင့်..
စိတ်ထဲ ဇဝေဇဝါဖြစ်သွားပြီး မျက်လုံးဖွင့်လိုက်တော့...!

ဆယ်ဟွန်း မျက်နှာလေးနဲ့ ထိလုမတက် ...ကိုကို က အိပ်ပျော်နေသည် ။
နှုတ်ခမ်းထူထူတွေက ပြုံးယောင်သန်းနေသလို
ဖန်ဂေါ်လီလုံးတွေလို ကြည်တောက်နေတဲ့ မျက်လုံးတွေကို မှိတ်ထားသည် ။
ကိုကို့ ကို အနီးကပ်ကြည့်ရတာ ..ရင်ခုန်လိုက်တာ

" ကိုယ့်ကို ကြည့်လို့ မဝသေးဘူးလား? "

သူခိုးလူမိသွားတဲ့ ခံစားချက်မျိုးနဲ့အတူ ပါးပြင်လေးနှစ်ဖက်ရဲတက်သွားတဲ့ ကောင်လေးက ...မနက်ခင်းရဲ့ ပန်းချီကားချပ်အလှ...ရင်သက်ရှုမောစရာ..

" မနေ့က မင်းနေမကောင်းလို့ ကိုယ်စောင့်ပေးနေရင်း အိပ်ပျော်သွားတာ! "

"......."

ချန်းယောလ် ရှင်းပြပြီးတဲ့ အထိ ခေါင်းမော့မလာသေးတဲ့...ဆယ်ဟွန်း ရဲ့ မေဖျားလေးကနေ ဆွဲကိုင်ကာ ခေါင်းကို မော့စေပြီး အကြည့်ချင်းဆုံလိုက်သည် ။

" နမ်းချင်တယ်~ "

ပူနွေးစွတ်စိုသွားတဲ့ နှုတ်ခမ်းသားတစ်စုံနောက် ရင်ခုန်သံတွေဟာ ဝုန်းဒုန်းကြဲလို့!
ဒီတစ်ခါတော့ စိတ်ထဲ ရှိတဲ့ အတိုင်းလိုက်လျောပါရစေ~

ချန်းယောလ် လည်ပင်းကို သိုင်းဖက်ကာ...အနမ်းတွေကို တုံ့ပြန်လာတဲ့ ဆယ်ဟွန်းကြောင့် ပြုံးမိသွားကာ...လျှာဖျားလေးထိုးပြီး မွှေနောက်လိုက်သည် ။
နို့နံ့လေးကြောင့် နို့ခဲပြားလေးကိုစုပ်နေရသလိုဘဲ ဆယ်ဟွန်းနှုတ်ခမ်းတွေက ချိုမြိန်လွန်းသည်

" အ့~ အွန်းးး"

ဆယ်ဟွန်း အသက်ရှူကြပ်လာလို့ အတင်းရုန်းတော့ မလွတ်ပေးတဲ့အပြင် အောက်နှုတ်ခမ်းကိုပါ ဆွဲကိုက်လာသည်..

မေးရိုးတစ်လျောက် ပွတ်ဆွဲသွားတဲ့ ကိုကို့ နှုတ်ခမ်းတွေကြောင့် ...ဆယ်ဟွန်း လက်တွေကလည်း ကိုကို့ ကျောပြင်ကို ပွတ်သပ်နေမိတယ်..
ခန္ဓာကိုယ်ကလည်း ပူလောင်လာပြီး ...လိုအပ်လာတယ် !

𝐃𝐚𝐫𝐥𝐢𝐧𝐠 // (Completed)Where stories live. Discover now