Part-6

5.6K 450 13
                                    

ကျောင်းစုံညီပွဲနေ့...!
အတန်းပေါင်းစုံက ကျောင်းသားကျောင်းသူတွေ ...စုံညီစွာ !
ပျော်ပွဲရွှင်ပွဲတွေ အားကစားပြိုင်ပွဲကျင်းပနေကြသည် ။

" ဆယ်ဟွန်း...မင်းလည်း ဝင်ကန်ပါလား? "

" ဟင့်အင်း...ငါ ကြည့်ဘဲ ကြည့်နေတော့မယ် ဟီးး! "

မင်ဆော့က ဘောလုံးကန်နေတာကြောင့်...
ဆယ်ဟွန်း ခုံတန်းလေးပေါ်ထိုင်ကာ အားပေးနေသည် ။
ကိုကို...ကတော့ တစ်နေရာရာမှာ ရှိနေမှာပေါ့ ကျောင်းမှာဆို သူတို့ဆက်ဆံရေးက သူစိမ်းသာသာလေ~

အင်္ကျီခေါင်းစွပ် အနီရဲရဲလေး...ဒူးဖုံးဘောင်းဘီ အဖြူလေးနဲ့ ကောင်လေးက ဘောလုံးပွဲကို လက်ခုပ်တီးပြီး အားပေးနေတာ ကလေးလေးတစ်ယောက်လို...
ချန်းယောလ် ဒီကောင်လေးကို အမြင်ကတ်တာမှန်ပေမယ့်...ချစ်ဖို့ကောင်းတယ် ဆိုတာလည်း ဝန်ခံပါတယ်..

" ဆယ်ဟွန်းးး!! ထ ...အိမ်ပြန်မယ် "

" ဟင်...ဟုတ်"

ဆယ်ဟွန်း လက်လေးကို ဆွဲထူလိုက်တော့...
လက်ချောင်းထိပ်လေးတွေက ရဲနေတာကြောင့် အေးနေမှန်းသိသည် ။
ဒီပြိုင်ပွဲတွေက စိတ်ဝင်စားစရာလည်း မကောင်းဘဲနဲ့ ဖျားနေမှဖြင့်..

ချန်းယောလ် အနိုင်ကျင့်စရာ လူမရှိဘဲ ဖြစ်နေမယ် ...ဒင်းကို စိတ်ပူလို့တော့ လုံးဝမဟုတ်ဘူးနော်!

ဆယ်ဟွန်း လက်ကို ဆွဲပြီး ...သူတို့ထွက်လာတော့ ...
ကောင်တစ်ကောင်က ဆယ်ဟွန်းတစ်ကိုယ်လုံးကို ပေါက်ထွက်မတက်ကြည့်နေသည် ။

" တောက်!!!! "

ချန်းယောလ် ထိုကောင်တွေ အုပ်စုရှေ့သွားရပ်တော့ ဘာလဲဆိုတဲ့ ပုံစံနဲ့ကြည့်လာသည် !

" ဆယ်ဟွန်း...မင်းကို ဒီကောင် ကြည့်နေတာ သိတယ်နော် မေးးစမ်းး ဘာကိစ္စကြည့်နေတာလဲ? "

ချန်းယောလ် က အော်ပြောတော့ ဆယ်ဟွန်း တစ်ချက် တုန်သွားကာ...မျက်ရည်လေးတွေ ဝေ့လာသည်။

" ဘာ ~ ဘာကြည့်တာလဲ? ~ "

"အိုဆယ်ဟွန်းးး!!!! "

ချန်းယောလ် အသံကြောင့် အနားမှာ ရှိတဲ့ လူတွေပါ ကြည့်လာကြသည် ။ ရှေ့ကကောင်တွေလည်း လန့်နေကြပြီ
...ဆယ်ဟွန်းက လေသံတိုးတိုးနဲ့မေးတော့ ကိုကိုက စိတ်တိုတာကြီးက ကြောက်စရာကြီး

𝐃𝐚𝐫𝐥𝐢𝐧𝐠 // (Completed)Where stories live. Discover now