Part-13

5.5K 472 43
                                    

ခရီးက ပြန်လာပြီးနောက်ပိုင်း ဆယ်ဟွန်းက သူ့ကိုတမင်ရှောင်နေသလိုမျိုး ...သူထမင်းစားခန်းထဲရှိနေတုန်း ချန်းယောလ် ဝင်လာရင် ထထွက်သွားတာ မျိုး
တကယ်ဘဲ ဒီကောင်လေး စိတ်ကို ချန်းယောလ် မခန့်မှန်းနိုင် ....

ကိုရီးယားမှာဘဲ အလုပ်ဝင်စေချင်တဲ့ မေမေ့ ဆန္ဒကြောင့် ချန်းယောလ် ...ဟိုကို ပြန်မသွားဖြစ် ...နေ့တိုင်း ရင်ဆိုင်တွေ့နေရမှာဘဲ !

" ဟွန်းလေး.....သား ဒီတစ်ပတ်ထဲ အားလား ? "

"ဟုတ်..အားပါတယ် "

" ဒါဆို...သားချန်းကို စက်ရုံပိုင်းကိစ္စတွေ လိုက်ရှင်းပြပေးနိုင်မလား?  "

ဆယ်ဟွန်း ငြင်းလို့လည်း မကောင်း...တကယ်ဆို ကိုကိုနဲ့ လုံးဝမတွေ့ဖြစ်အောင်နေချင်တယ်!

" ဟုတ်..သား ရှင်းပြလိုက်ပါ့မယ် "

ဧည့်ခန်းထဲ မိသားစုတွေ အကုန်ရှိနေတာကြောင့် ချန်းယောလ်ရဲ့ အကြည့်စူးစူးတွေက ဆယ်ဟွန်းကို နေရခက်စေသည်!

အမှန်ဆို...ဒီကိစ္စတွေလောက် မန်နေဂျာရှင်းပြလည်း ရပေမယ့်
ချန်းယောလ် ကိုယ်တိုင် ဖေဖေ့ကို တောင်းဆိုလိုက်တာ!

ငါ့ကြောင့် မင်းအမြဲစိတ်ရှုပ်နေစေရမယ် ဆယ်ဟွန်း*

" ချန်းး..ယောင်းအယ်လည်း ဒီကို ပြောင်းလာရင်ကောင်းမလား? "

"အင်းး..ကောင်းတာပေါ့ ကိုယ်နဲ့အမြဲတွေ့လို့ရတယ်လေ "

လူကြီးတွေ အပေါ်တက်သွားတော့ သူတို့သုံးယောက်သာ ကျန်ခဲ့တော့ ..ယောင်းအယ်က စကားစလိုက်ခြင်းဖြစ်သည် ။
..ချန်းယောလ်ကတော့ ဆယ်ဟွန်း မျက်နှာကို ကြည့်ရင်း ပြောလိုက်တာ!
သူ့စိတ်ထဲ ဆယ်ဟွန်းက သူ့ကို သဝန်တိုစေချင်သည် !
ဘာလို့ဆိုတာ ကိုယ်ကို တိုင်လည်း မဆန်းစစ်မိ!

ဆယ်ဟွန်း မမြင်ချင် မကြားချင်အောင်ဆောင်ကာ အပေါ်တက်လာခဲ့တော့သည် ။
အခန်းထဲရောက်မှ အဝတ်စားလဲ ရေချိုးပြီး ..Laptop တစ်လုံးနဲ့ အလုပ်ရှုပ်နေတုန်း!

*ဒေါက် ..ဒေါက် *

"မေမေလား? ဝင်ခဲ့နော်~ "

ဒီအချိန်ဆို မေမေက အမြဲ နွားနို့လာပို့နေကြမို့ ဆယ်ဟွန်း ဝင်လာတဲ့သူကို မော့မကြည့်မိ!

𝐃𝐚𝐫𝐥𝐢𝐧𝐠 // (Completed)Where stories live. Discover now