ချန်းယောလ် ရုံးခန်းထဲက ပြေးထွက်လာကာ...ဆယ်ဟွန်းကို လိုက်ရှာနေမိတယ် ။
ဂိုဒေါင်ဘက် ထွက်သွားတယ်လို့ ဝန်ထမ်းတစ်ယောက်က ပြောတာကြောင့် ..
ခြေလှမ်းကျဲကြီးတွေနဲ့ လျောက်လာမိတယ်သူ ကျနော့်ကို ယောင်းအယ်နဲ့ အထင်လွဲသွားတာ ...တစ်နေရာရာမှာ ငိုနေလောက်မလား ?
တွေ့ပါပြီ ...စာရင်း စာအုပ်တစ်အုပ်နဲ့ အလုပ်ရှုပ်နေကာ အလုပ်သမားတွေကိုလည်း ညွှန်ကြားနေသည် ။ ကိုယ်ကသာ စိတ်ပူလွန်သွားတာ ...
" အဟမ်းး...စာရင်းတွေ သေချာ စစ်နော် "
မျက်လုံးဖြင့် တချက်လှန်ကြည့်ပြီး ...
" သိတယ် ..ဆရာ မလုပ်နဲ့ "
ဒီကောင်လေး တော်တော် အကြောက်အလန့်မရှိတာဘဲ ...အိမ်မှာဆိုလည်း ကိုယ့်ကို ရှိတယ်တောင် သဘောမထား ။
အလုပ်မှာဆိုလည်း အထက်လူကြီးကို လေးစားရကောင်းမှန်း မသ်ဘူး ..ချန်းယောလ် လည်း ..ဘေးမှာဘဲ ဟိုဟာစစ်သလို ဒီဟာ စစ်သလိုလိုနဲ့ မယောင်မလည်လုပ်နေသည် ။
ဆယ်ဟွန်းကို ကြည့်လိုက်တဲ့အချိန်...အပေါ်က ကတ်ထူပုံးတွေက ပြုတ်ကျလာတော့သည် ။" ဆယ်ဟွန်းး!!! "
ဆယ်ဟွန်းကို ချက်ချင်း ရင်ခွင်ထဲ ဆွဲသွင်းကာ...အပေါ်ကနေ အုပ်မိုးထားလိုက်တော့ ကတ်ထူပုံးတွေက ချန်းယောလ်ပေါ် အဆက်မပြတ်ကျလာသည် ။
ရင်ခွင်ထဲကနေ ရုန်းထွက်ဖို့ ပြင်နေတဲ့ ..
ဆယ်ဟွန်းကို တင်းကြပ်စွာ ဖက်ထားကာ..ကျလာတဲ့ နာကျင်မှုတွေကို
ခံစားနေလိုက်သည် ။" ဒုမန်နေဂျင်းး အဆင်ပြေရဲ့လား ?
မန်နေဂျာချုပ်ရော ထိမိသွားသေးလား "" ရတယ် ...ဘာမှ မဖြစ်ဘူး "
ချန်းယောလ် ဝန်ထမ်းတွေကို ပြောလိုက်ပြီး ...ရင်ခွင်ထဲက ကောင်လေးကို ငုံ့ကြည့်လိုက်တော့ မျက်ရည်အဝဲသားလေးနဲ့ ကြည့်နေသည် ။
ဒီလောက်ဆို နာကျင်ရလည်း ဖြစ်တယ် ။" အာ့ ...အားး နာတယ် ဖြည်းဖြည်းလုပ်ပါကွာ "
"ခင်ဗျားက ငြိမ်ငြိမ်မှ မနေတာလေ "
ဆေးရုံသွားမယ်ဆိုတော့လည်း မဟုတ်ရဘူး မင်းကြောင့် ဖြစ်တာ မင်းတာဝန်ယူဆိုပြီး ...
ဆေးလိမ်းခိုင်းသည် ။
ကြီးကြီးမားမားထိခိုက်သွားတာမျိုး မရှိပေမယ့်
ပခုံးမှာတော့ အတွင်းဒဏ်ဖြစ်သွားတဲ့ပုံ