Part-20 (Final)

10.7K 548 51
                                    

" ဆယ်ဟွန်းနီးး!!! ဆယ်ဟွန်းနီး!!! "

အခန်းတံခါးကို ခေါက်ကာ အပြင်က အော်ခေါ်နေတာကြောင့် ဆယ်ဟွန်း အိပ်ချင်မပြေသေးတဲ့ရုပ်လေးနဲ့ထလာသည် ။
အရုပ်လေးတွေ ပါတဲ့ ညဝတ်အင်္ကျီဝတ်ထားတဲ့ ကလေးငယ်က သူ့ကို မြင်တော့ မျက်မှောင်ကြီး ကျုံ့ကြည့်နေသည်မို့ ..

" အလုပ်သွားရဦးမယ်လေ နောက်ကျနေပြီမလား?  ကိုယ်နဲ့ အတူသွားရအောင်နော် "

ပြန်မဖြေဘဲ အခန်းထဲ ပြန်ဝင်သွားတာကြောင့် သဘောတူသည်ဟု ကိုယ့်ဘာသာဘဲ ယူဆလိုက်သည် ။
မနက်မိုးလင်းတိုင်း ဒီဂျစ်တူးလေးနဲ့အလုပ်သွားရမှာ ရင်ခုန်မိသား ..

ချစ်တက်သွားရင် အရာရာဟာ လှပနေလိမ့်မယ်ဆိုတာ ...ချန်းယောလ်လက်ခံသွားတယ် ။

နှစ်ယောက်သား မနက်စာ စားပြီးတော့ မေမေက ဆယ်ဟွန်းကို ပြောစရာရှိသေးတယ် ဆိုတာကြောင့် ချန်းယောလ် ကားပေါ်က ထိုင်စောင့်နေလိုက်သည် ။

" မေမေက ဘာပြောတာလဲ ဆယ်ဟွန်းနီး"

"ခင်ဗျား သိစရာမလိုပါဘူး "

ဒီကောင်လေး ခုချိန်ထိ ချန်းယောလ်ကို အမြင်မကြည်သေးတဲ့ပုံ ...ကိုယ်သူ့ကို နှိပ်စက်ခဲ့တာတွေ တွေးမိတိုင်းလည်း
စိတ်မကောင်းဖြစ်ရတယ် ...
အဲ့အချိန်တုန်းက အပြစ်တွေအစား
ခု ကိုယ့်အချစ်တွေနဲ့ ကုစားခွင့်ပေးပါ ~

" ဆယ်ဟွန်းနီး ...ညနေ ရုံးဆင်းရင်လည်း ကိုယ်စောင့်နေမယ်နော် "

ကားပေါ်ကသာ ဆင်းသွားတယ် ကျေးဇူးတင်ကြောင်း တခွန်းပြောမသွားဘူး ။
ချေလိုက်တာကွာ ....နေနှင့်ဦးပေါ့ !
ပြီးမှ အိပ်ယာထဲက မထနိုင်အောင်ကို
ချစ်ပြပေးလိုက်မယ် အဟင်းး ~

Company ထဲဝင်လာတော့လည်း ဆယ်ဟွန်းဘေးကနေ ကပ်လျောက်နေပြန်သည် ။

ကိုယ့်ရုံးခန်းထဲရောက်လို့ ထိုင်ရုံရှိသေး...ကလေး မျက်နှာလေးကို လွမ်းလာသည် ။
ဒီကောင်လေး မှော်အတက်တွေနဲ့များ ပြုစားလိုက်သလား?

" အတွင်းရေးမှူးဂင် .....ဒီနေ့ အချိန်ဇယားတွေရှိရင် ဖျက်လိုက်!!! "

"Nae? "

"အာ...မန်နေဂျာချုပ်ရဲ့ အချိန်ဇယားတွေလည်း ဖျက်ထားလိုက်ပါ !!! "

You've reached the end of published parts.

⏰ Last updated: Oct 07, 2020 ⏰

Add this story to your Library to get notified about new parts!

𝐃𝐚𝐫𝐥𝐢𝐧𝐠 // (Completed)Where stories live. Discover now