Part-7

5.1K 414 7
                                    

မိုးအေးအေးနဲ့ ချမ်းစိမ့်စိမ့်လေး ဖြစ်နေကာ..
ပတ်ဝန်းကျင်တစ်ခုလုံး အုပ်မှိုင်းနေပြီး သည်းထန်စွာရွာသွန်းတော့မယ့်ပုံ...မိုးရေစက်လေးတွေကို လက်လေးနဲ့ ခံကာ..ရေမှုန်လေးတွေဖြစ်အောင် ဆော့ကစားနေရင်း ..

" သား...မိုးရေ ထိရင် နေမကောင်းဖြစ်လိမ့်မ
ယ်  ကွတ်ကီးလုပ်လာတယ် "

ဆယ်ဟွန်း ရေစိုသွားတဲ့ လက်လေးကို သုတ်ကာ ကုတင်ပေါ်က စောင်ပုံထဲပြန်ထိုင်နေပြီး မားးယူလာတဲ့ ကွတ်ကီးနဲ့နွားနို့လေးကိုစားနေတော့ မားးက ပြုံးကြည့်နေသည် ။

" မား..သား မျက်နှာမှာ ပေနေလို့လားဟင်? "

"မဟုတ်ပါဘူး...မားရဲ့ သားလေး တောင်အရွယ်ရောက်လာပြီ "

မားရဲ့ စကားကြောင့် ဆယ်ဟွန်း မျက်နှာလေး နီရဲသွားကာ ..ရှက်သွားတာကြောင့် မာ့းကို စိတ်ကောက်သလိုလေး နှုတ်ခမ်းဆူပြသည်

" အားးဂူးး...ရှက်နေလိုက်တာများ ဒါနဲ့ သားဟွန်းလေး ပြီးရင် အဝတ်စားလဲ ပြီးအောက်ထပ်ဆင်းလာခဲ့နော် မား ဧည့်သည်တွေဖိတ်ထားတယ် "

"ဟုတ်..."

ဆယ်ဟွန်းလည်း မား ထွက်သွားမှ ..ရေချိုးအဝတ်စားလဲပြီး အောက်ထပ်ဆင်းလာလိုက်သည် ။
ဖေဖေလည်း ပြန်ရောက်နေကာ ဧည့်သည်တွေပါ ရောက်နေကြသည်

....

" ဆယ်ဟွန်းလေးက အေးတယ်နော် "

ဆယ်ဟွန်း နဲ့ ကျောင်းပြီးရင် စေ့စပ်ပေးမယ့် မိန်းကလေးဆိုတာ ကြိုလည်းမပြောထားကြတော့ ...လူက ထိုင်သာထိုင်နေရတာ ကိုကို့ကို စိတ်က ကြောက်လန့်နေပြီ ...

လူကြီးတွေက သူတို့နှစ်ယောက်ကို ခြံထဲမှာစကားသွားပြောခိုင်းတော့ ..ကောင်မလေးက သူ့လက်မောင်းကို လက်ချိတ်သည် ..

" ဆယ်ဟွန်းရှီ ...မျက်နှာလည်း မကောင်းဘူး
ဘာလို့လဲဟင်? "

" ဟပ်~ ဟပ်ချိုးး ကျနော် အအေးမိသွားလို့ပါ "

မိုးရွာထားတာကြောင့် ပတ်ဝန်းကျင်က ပိုအေးနေတာ ခြံထဲဆင်းလာတော့ အအေးမိပြီ ။

.........

" မေမေ...ဆယ်ဟွန်း မလာသေးဘူးလား? "

"ဒီနေ့ သူတို့ အိမ်မှာ ဧည့်သည်တွေ ရောက်နေလို့ သားဟွန်းလေး မလာလောက်ဘူး ! "

𝐃𝐚𝐫𝐥𝐢𝐧𝐠 // (Completed)Where stories live. Discover now