🍂ဦးရဲ့အချစ်ဆုံးဖြစ်ချင်တယ်🍂[အခန်း ၁၃]
မိန့် မသင်ကာသလိုပင် ဗီရိုထဲမှာ တံလျှပ်နှင်းဆီ အ၀တ်တွေမရှိတော့။နဂိုမူလအတိုင်းအလွှတ်ဟောင်းလောင်းဖြစ်နေသော ဗီရိုကိုကြည့်ပြီးသွေးများအထက်အောက်ပြောင်းပြန်စီးဆင်းသွားလိုမိန့် ထိုနေရာမှာပင် တောင့်တောင့်လေးရပ်နေမိကာ အတွေးတွေလည်းယောက်ယက်ခတ်သွားစေလျှက်....။
တံလျှပ်နှင်းဆီအိမ်ကထွက်သွားတာလား...ဒါမှမဟုတ်..သူ မကွာရှင်းပေးဘူးဆိုလို့ သူမထွက်ပြေးသွားတာလား။ဟင်....မရဘူး.....မင်းကိုဘယ်တော့မှ ငါအနားကထွက်သွားခွင့်ပြုမှာမဟုတ်ဘူး...တံလျှပ်နှင်းဆီ။ မင်းငါ့နားမှာဘဲ နာကျင်ပြီးအမြဲနေရမယ်...။
မိန့်သတိဝင်လာကာ အတ္တဆန်စွာစိတ်ထဲမှရေရွက်လိုက်ရင်း ဘာကိုဘာမှဂရုမစိုက်တော့ဘဲ တံလျှပ်နှင်းဆီအားရှာရန် အခန်းထဲမှအလျင်အမြန်အိမ်အောက်ထပ်သို့ပြေးထွက်လာ၏....။
""ငါခွင့်ပြုချက်မရဘဲ မင်းမှာထွက်သွားခွင့်မရှိဘူး တံလျှပ်နှင်းဆီ ""
အပြင်မှာအသံထွက်ရွတ်ဆိုလိုက်ရင်း မိန့် ဆင်ဝင်အောက်ထိုးထားသည့်ကားပေါ်တက်ကာ တံလျှပ်နှင်းဆီ ရှိနိုင်မည့် အရင်အိမ်သို့မောင်းနှင်လာခဲ့တော့သည်။
သူမ အရင်အိမ်မှာ ရှိနေမည်လား...။မရှိဘူးလားဆိုတာတော့ သူသေချာမသိ။ဒါပေမယ့်သူမမှာ အရင်နေအိမ်နှင့် နှင်းစက်အိမ် နှစ်နေရာသာသွားစရာရှိသည်ကိုတော့သူကောင်းကောင်းသိသည်။ဒါကြောင့်မိန့်ဘာတွေဝေခြင်းမှမရှိဘဲ သူမကိုတွေ့ရမည်လို့ အပြည့်အ၀ယုံကြည်ထား၏...။
သို့သော် သူ ယုံကြည်မှုက အကြီးအကျယ်ပင်လွဲမှားနေခဲ့သည်။အဘယ်ကြောင့်ဆို.....။
နှင်းစက်အား တံလျှပ်နှင်းဆီ၏အရင်အိမ်တွင်အလွယ်တကူပင် မထင်မှတ်ဘဲတွေ့လိုက်ရသည်မို့ မိန့်အံ့သြသွားရသည်။နှင်းစက်ကလည်းသူနည်းတူစွာ သူရောက်လာခြင်းကို အဆပေါင်းများစွာအံ့သြနေကာ ပါးစပ်လေးတောင်အဟောင်းသားနှင့်.....
![](https://img.wattpad.com/cover/192391588-288-k794779.jpg)