ဦးရဲ့ အချစ်ဆုံး ဖြစ်ချင်တယ်

2K 67 0
                                    


🍂ဦးရဲ့အချစ်​ဆုံးဖြစ်​ချင်​တယ်​🍂

[အခန်း ၃၁]

"" ၀ူး....၀ူး....၀ူး....""

ကားသံ...။ခြံထဲဝင်​လာတဲ့ကားသံ...။နှင်းစက်​တို့ပြန်​သွားပြီး နှစ်​နာရီ​လောက်​​နေမှ ၀င်​လာတဲ့ကားသံဖြစ်​ပြီး ထိုကားသံမှာ ဦး​နေအမိန့်​၏ကားသံဆိုတာ လျှပ်​အလိုလိုသိ​နေသည်​။

ခဏတဲ့...။ပြောသွားတုန်းက​တော့ခဏဟုသာ​ပြောသွားပြီးပြန်​လာချိန်​ကိုလှမ်းကြည့်​လိုက်​​တော့ ည​နေ၃နာရီ၁၅မိနစ်​ရှိ​နေပြီဖြစ်​သည်​။နေ့တစ်​၀က်​​တောင်​သွား​တွေ့ပြီပြန်​လာတဲ့သူကလျှပ်ကိုမှာသွားတာ​ခဏတဲ့။

သြော်​...ခဏမို့သာပဲဦးမိန့်​ရယ်​...။တစ်​​နေ့ကုန်​လို့များ​ပြောသွားရင်​ပြန်​​တောင်​လာပါဦးမလား....။

"" အကို​လေးပြန်​လာပြီ.... ""

မိန့်​ကားကို ဆင်​၀င်​​အောက်​ထိုးရပ်​ပြီးဝယ်လာသည့်​​နှင့်​ အ​မောတ​ကော​ပြေးထွက်​လာကြို​တဲ့မ​ဌေး​ဌေးပုံကထူးဆန်း​နေသည်​မို့ ​မိန့်​မျက်​ခုံးပင့်​ကာနားမလည်​သလိုကြည့်​လိုက်​ရင်း ကား​နောက်​ဖုံးမှ ပစ္စည်းအချို့ကိုသာထုတ်​ယူနား​ထောင်​​နေမိသည်​။

"" ​နောက်​ကျလိုက်​တာ အကို​လေးရယ်​...​ဌေး​ဌေးကို​ပြောသွားတာတစ်​နာရီတည်းဆို ခု၃နာရီ​တောင်​ခွဲ​တော့မယ်​...""

"" .......................... ""

"" ​နောက်​ကျမယ်​ဆိုလည်း ​ဌေး​ဌေးကိုဖုန်းဆက်​မ​ပြောဘူး...​ဌေး​ဌေးမှာ အကို​လေးပြန်​မလာလို့ချာချာလည်​​နေတာ ""

Stopping centerကအပြန်​ စိတ်ထစ်​ထစ်​နဲ့လျှပ်​ဆီတန်းမပြန်​ချင်​တာ​ကြောင့်​ စိတ်​​ပြေလက်​​ပျောက်​​မေ​မေဆီဝင်​ရင်း ​မေ​မေကပါလျှပ်​​လေးအတွက်​အစားအ​သောက်​​တွေလုပ်​​ပေးမယ်​ယူသွား​ပေးပါအတင်းလုပ်​သည်မို့​​စောင့်​ယူ​နေ၍ထင်​ထားတာထက်​အချိန်​ပိုလင့်​သွားရသည်​။သို့​သော်သူလည်းလျှပ်​လေးစိတ်ဆိုးမှာစိုးတာေ​​​​ကြာင့်​မေ​မေချက်​ပြုတ်​ပြီးပြီးချင်း ​ကောင်း​ကောင်းနှုတ်​​တောင်​မဆက်​​တော့ဘဲတန်းပြန်​လာခဲ့သည်​။အိမ်​​ရောက်​​တော့ ချစ်ရသူ​လျှပ်​​လေးကိုမ​တွေ့ ။မထွက်​ကြိုစဖူးထွက်​ကြို​သောမ​​ဌေးကိုသာ​တွေ့လိုက်​ရသည်​မို့ ချစ်​ရသူ​လေးစိတ်​ဆိုး​နေပြီဆို​တာ အိမ်​​ပေါ်တက်​ကြည့်​စရာမလိုဘဲ သူ​အတက်​သိလိုက်​ပါပြီ။

ဦးရဲ့ အချစ်ဆုံး ဖြစ်ချင်တယ် (သိမ်း)  Z&UWhere stories live. Discover now