47

1.8K 60 3
                                    


🍂ဦးရဲ့အချစ်​ဆုံးဖြစ်​ချင်​တယ်​🍂

[အခန်း ၄၇]

"" ဦးမိန့်​....""

လသာ​ဆောင်​ကအခန်းဝရံတာ​လေးမှာလက်​​ထောက်​ကာ​ကောင်းကင်​ကို​မော့ကြည့်​​နေသည့်​ ​နေအမိန့်​၏​ကျောပြင်​အားလွမ်း​ဆွေဖွယ်​ကြည့်​ရင်းတိုးညင်းစွာလှမ်း​ခေါ်လိုက်​​သောတံလျှပ်​နှင်းဆီ...။တံလျပ်​နှင်းဆီ၏အသံမှာတိုးလျမှုအ​လျောက်​ ၀မ်းနည်းစရာခံစားမှုများလည်း​ရောစွတ်​​နေ၏...။

"" ​ပြော​လေက​လေး...ဘာ​ပြောချင်​လို့လဲဗျ...က​လေးဘာလိုချင်​လို့လဲ...""

နေအမိန့်​ သူခါးကို​သေးသွယ်​​သောလက်​​တစ်​စုံဖြင့်​ဖယ်​သွယ်​လာ​သောချစ်​ရသူလက်​အားအ​ပေါ်မှအုံမိုးကိုင်​လျက်​ ချစ်​ရသူ​လေးအား​မေးလိုက်​သည်​။

"" ဟင့်​အင်း...လျှပ်​ဘာမှမလိုချင်​ဘူး...ဒီတိုင်း ဒီတိုင်း​လေးပဲ​ခေါ်ကြည့်​ရုံပါ...""

"" အဟွန့်​...ဘာလို့လဲဗျ က​လေးမှာဝမ်းနည်းစရာတစ်​ခုခုရှိလို့လား...ကိုယ့်​ကို​ပြော​လေ ကိုယ်​လျှပ်​ရဲ့ခံစားချက်​ကိုမျှ​ဝေခံစား​ပေးမှာ​ပေါ့ဗျ...""

"" ဟင့်​အင်း...မလှည့်​လာနဲ့...ဒီတိုင်း...ဒီတိုင်းပဲ​နေ​နေ​ပေးပါ...လျှပ်​ဒီတိုင်းပဲ​နေချင်​လို​ပါ...""

""............................""

ပြောရင်းဆိုရင်း​လျှပ်​ဘက်​လှည့်​လာဖို့ပြင်​လိုက်​​သောဦးမိန့်​​ကြောင့်​လျှပ်​ဦးမိန့်​ခါးကိုတင်းတင်းဖက်​ကာဦးမိန့်​​၏​နွေး​ထွေး​သော​ကျောပြင်​​လေး​ပေါ်ပါး​လေးအပ်​၍ဦးမိန့်​အားလှည့်​မလာဖို့​တောင်းဆိုမိသည်​။မိန့်​ကလည်း လျှပ်​၏စကားသံ​လေး​ကြောင့်​လှည့်​ဖို့ပြင်​လိုက်​ရာမှ မလှည့်​​တော့ပဲချစ်​ရသူ​လေး၏စကားအတိုင်းငြိမ်​သက်​စွာပကတိအတိုင်း​နေ​နေလိုက်​သည်​။

လျှပ်​ သူမစကားအတိုင်းငြိမ်​သက်​​သွားသည့်​ဦးမိန့်​ကို​ခါးကိုတင်းတင်းဖက်​လျက်​ ရင်​ထဲကလှိုက်​တက်​လာသည့်​ဝမ်းနည်းမှုနဲ့အတူလျှပ်​မျက်​၀န်းမှာမျက်​ရည်​ကြည်​​လေးရစ်​၀ိုင်းလာရသည်​။လျှပ်​ ဦးမိန့်​ကိုလျှပ်​ဘက်​လှည့်​မလာ​စေချင်​ပါ။ဦးမိန့်​ကိုလှည့်​မလာ​စေချင်​တာထက်​ လျှပ်​အ​ပေါ်အနွန်​တာခံပြီးချစ်​တဲ့ဦးမိန့်​ကိုမျက်​နှာခြင်းမဆိုင်​ရဲတာဆိုပိုမှန်​သည်​။ဘာ​ကြောင့်​လဲဆို လျှပ်​ဟာဦးမိန့်​အ​ပေါ်ကံဆိုးရင်းကံဆိုး​စေသည့်​ဂြိုလ်​သူမဖြစ်​​နေလို့။အခုလည်း ​ဆေးရုံကပြန်​လာပြီးဆရာဝန်စကား​ကြောင့်လျှပ်​ဦးမိန့်​မျက်​နှာကိုရင်​ဆိုင်​ဖို့လွန်​စွာခက်​ခဲ​နေသည်​။ ​​ဦးမိန့်​ကဘာမှမဖြစ်​ပါဘူး​ပြော​နေ​သော်​လည်း လျှပ်​က​တော့ ဆရာဝန်​စကားကိုလက်​မခံနိုင်​​သေး ။ ဦးမိန့်​လျှပ်​အတွက်​အနစ်​နာခံပြီး​ပေးဆပ်​နိုင်​ပါ​သော်​လည်း လျှပ်​က​တော့ဘယ်​လိုစိတ်​နဲ့မှဦးမိန့်​အားခွင့်​မပြုနိုင်​ ။ထို့ပြင်​ ဦးမိန့်​ရဲ့ဆုံးဖြတ်​ချက်​ကလည်း လျှပ်​အားအပြစ်​ရှိသလိုခံစား​စေ၏..။လျှပ်​အားသိမ်​ငယ်​​စေ၏....။ထို့​ကြောင့်​လျှပ်​ဦးမိန့်​အားမည်သို့ပင်လျှပ်​​​အတွက်​ဖြစ်ေ​​စကာမူဘယ်လိုမှခွင့်​မပြုနိုင်​​သော​ကြောင့်​မျက်​ရည်​များရစ်​၀ိုင်းလာသလိုခြင်​ဆီလှခြင်းအကျိုးဆက်​များ​ကြောင့်​လျှပ်​ရင်​နာစွာမျက်​ရည်​ကျ​နေရပြီဖြစ်​သည်​။

ဦးရဲ့ အချစ်ဆုံး ဖြစ်ချင်တယ် (သိမ်း)  Z&UWhere stories live. Discover now