ဦးရဲ့ အချစ်ဆုံး ဖြစ်ချင်တယ်

2K 71 1
                                    

🍂ဦးရဲ့အချစ်​ဆုံးဖြစ်​ချင်​တယ်​🍂

[အခန်း ၄၂]

လျှပ်​အတန်​ကြာ​အောင်​လိုက်​ရှာ​နေရပြီး ​နောက်​မှအိပ်​ခန်းထဲဝင်​လာ​သောဦးမိန့်​​ကြောင့်​လျှပ်​အသံကျယ်​ကြီးဖြင့်​တမင်​သက်​သက်​​အော်​ငိုပစ်​လိုက်​သည်​။

"" အဟင့်​...""

"" ဟာ..လျှပ်​ ဘာလို့ငိုတာလဲဗျ..""

လျှပ်​ငိုတာမြင်​သည်​နှင့်​ဦးမိန့်​ကကပြာကယာလျှပ်​နား​ရောက်​လာကာ​စိုးရိမ်တကြီး​မေးလာသည်​။
ထွက်​သွားတုန်းကထွက်​သွားပြီးခုမှဘာလို့ငိုတာလဲတဲ့...။လျှပ်​ ဦးမိန့်​​ပျောက်​ရင်​ အရမ်းထိတ်​လန့်​တာဦးမိန့်​မသိတာလား...။လျှပ်​ခံစားချက်​ကိုဥ​ပေက္ခာပြုတာလားမသိ...။သေချာသည်​တော့လျှပ်​ဦးမိန့်​ကိုအ​ပျောက်​မခံမှန်းသိ၍ဦးမိန့်​တမင်​အကျင့်​ပုတ်​ပြီးလျှပ်​သမီးကိုသိပ်​​နေတုန်းအလစ်​ထွက်​သွားတာပင်​...။

"" အဟင့်​...""

"" မငိုရဘူး​လေလျှပ်​ရဲ့...မနက်​ကျမျက်​ရိုး​တွေကိုက်​​နေမှာ​ပေါ့...ဘာဖြစ်​လို့လဲ​နေမ​ကောင်းလို့လား...""

"" အဟင့်​...အဟင့်​...""

ငို​နေ​သောသူမ​လေးကို​စိတ်​ပူစွာ​​မေးလိုက်​ရ​သော်​လည်းသူမ​လေးမ​ဖြေ။ကုတင်​​ခြေရင်းမှာထိုင်​ကာငိုမြဲငိုဆဲပင်​ရှိ​နေသည်​မို့မိန့်​ဘာလို့​ချော့ရမှန်းမသိစွာအခက်​​တွေ့​နေရ၏...။နောက်​ပြီး သူမငို​နေသည့်​အ​ကြောင်းအရာကိုလည်းသူ​ကောင်း​ကောင်းနားလည်​သည်​။သူ​ကြောင့်​...။သူသာသူမ​လေးကို​ပြောပြီးထွက်​သွားလျှင်​သူမ​လေးငိုမှာမဟုတ်​။သို့​သော်​သူ​ပြောပြီးထွက်​သွားလျှင်​လည်းသူမကစိတ်​မချစွာသူအင်္ကျီလက်​အားဆွဲ၍​နောက်​ကတစ်​​ကောက်​​ကောက်​လိုက်​​နေမည်​။သူမ​လေးကို​ပြောသွားလည်းမ​​ကောင်း။မ​ပြောသွားလည်းမ​ကောင်းဖြစ်​​နေသည့်​အ​ခြေအ​နေမျိုးမှာသူမ​လေးကိုငို​အောင်​လုပ်​လိုက်​မိသည့်​ကိုယ်​ကိုယ်​ကိုအပြစ်​တင်​ရင်းသူ​ကောင့်​သားစစ်​မင်းပိုင်​ကိုလည်းစိတ်​ထဲက​မေတ္တာပို့လိုက်​မိသည်​။သူလိုချင်​တာ သူမချစ်​ခြင်း၊ဆိုးခြင်း၊ချွဲ့ခြင်း၊ရစ်​ခြင်းဆိုတာမှန်​သည်​။သို့​သော်​ခြွင်းချက်​အ​နေနဲ့ထိုကဲ့သို့အ​ခြေအ​နေမဟုတ်​။ခုဟာက ချစ်​တာဆိုးတာ​တွေမဟုတ်​ဘဲ သူမ​လေးပုံစံက အ​မေ​ထွက်​သွားမှာစိုးသည့်​က​လေး​လေးပုံစံဖြစ်​​နေကာမိခင်​အ​ပျောက်​မခံသည့်​က​လေး​လေးအတိုင်းပင်​...။ပိုဆိုးတာက သူမရှိလျှင်​​မျက်​နှာ​လေးရှုံမဲ့ရှုံမဲ့နှင့်​​အောက်​နှုတ်​ခမ်း​လေးစူကာ​ငိုသည်​ကအဆိုးဆုံး...။ကြာ​တော့ သူမှာမိန်းမရထားတာလားက​လေးရထားတာလားပင်​မခွဲတတ်​​တော့​ပေ...။သေချာတာက​တော့ခု​လော​လောဆယ်​က​လေးမဟုတ်​​သောက​လေးထိန်း​နေရသည်​​ပင်​...။

ဦးရဲ့ အချစ်ဆုံး ဖြစ်ချင်တယ် (သိမ်း)  Z&UTempat cerita menjadi hidup. Temukan sekarang