ဦးရဲ့ အချစ်ဆုံး ဖြစ်ချင်တယ်

1.9K 78 0
                                    


🍂ဦးရဲ့အချစ်​ဆုံးဖြစ်​ချင်​တယ်​🍂

[အခန်း ၃၅ ]

""ခုမှ​ရောက်​တာလားမိန့်​....""

"" အင်း... ခုမှ​ရောက်​တာ ပြင်​ရင်းဆင်​ရင်းကြာသွားတယ်​ လျှပ်​ဒီဘက်​ထိုင်​ ""

မိန့်​ ချစ်​ရသူလက်​​လေးကိုတွဲလျက်​ ခန်းမထဲဝင်​ကာ VIP ခုံတန်းမှာ​နေရာယူထိုင်​လိုက်​သည်​ဆိုသည်​နှင့်​ ပွဲထဲအရင်​​ရောက်​နှင့်​​နေ​သောစစ်​မင်းပိုင်​ကဦးစွာနှုတ်​ဆက်​စကားဆိုလာသည်​မို့ လျှပ်​ကိုဦးစွာထိုင်​ခိုင်းပြီး ထုံးစံအတိုင်းစစ်မင်းပိုင်​ဘေးမှာ​နေရာယူကာ​​​ပြုံး၍ခွန်းတုံ့ပြန်​လိုက်​သည်​။

"" ​ကျေးဇူးပဲ ဦးမိန့်​...""

"" ​ခြွေ...ဒါမိန့်​ ဇနီး​လေ...တံလျှပ်​နှင်းဆီတဲ့....Rose ဒါကျွန်​​တော်​ သတို့သမီး​လေ အသည်း​ခြွေတဲ့...""

"" ​တွေ့ရတာဝမ်းသာပါတယ်​ရှင့်​...""

စစ်​မင်းပိုင်​ သူမတိုနှစ်ေ​​ယာက်​တစ်​​ယောက်​ကိုတစ်​​ယောက်​ရင်းနှီး​သွားအောင်​​​မိတ်​ဆက်​​ပေးလိုက်​သည်​ဆိုသည်​နှင့်​ နှုတ်​သွက်​သူပီပီ စတင်​ပြုံးပြနှုတ်​ဆက်​လိုက်​တဲ့အသည်း​ခြွေ....။အသည်း​ခြွေနှုတ်​ဆက်​သည်​နှင့်​ အ​ပေါင်းအသင်းရှားပြီးအ​နေ​အေးတဲ့ တံလျှပ်​နှင်းဆီလည်းအလိုက်​သင့်​ပြုံးပြနှုတ်​ဆက်​လျက်​....။

""ဟုတ်​ကဲ့လျှပ်​လည်း... ​တွေ့ရတာဝမ်းသာပါတယ်​ရှင့်​...""

"" ​ခြွေက ဦး​နေအမိန့်​လက်​ထပ်​သွားပြီလို့ပဲသတင်းကြားတာ...သတို့သမီးဘယ်​သူမှန်းမသိဘူး...ဟီး..ဒီလိုဆို​တော့လည်း ဦး​နေအမိန့်​ကဘယ်​စိုးလို့လဲ... ဇနီး​ငယ်ငယ်​​ချော​ချော​လေးကိုရထားတာပဲ ""

""................... ""

အသည်း​ခြွေအ​ပြောကိုလျှပ်​ပြန်​မ​ဖြေ။ပြုံးရုံသာပြုံးပြလိုက်​သည်​။အသည်း​ခြွေအေ​မးကိုလျှပ်​တမင်​​မ​ဖြေချင်​လို့မဟုတ်​ပါ။ဒီလိုပွဲလမ်းသဘင်​ကိုခုံမင်​သူမဟုတ်​​တော့​နေရထိုင်​ရတာလျှပ်​အတွက်​ကျဉ်းကြပ်​လို့စကားမ​ပြောချင်​ခြင်းဖြစ်​သည်​။ဒါကိုဦးမိန့်​ကလည်း လျှပ်​အ​နေအထားကျဉ်းကြပ်​​နေသည်​ကိုနားလည်​သ​ယောင်​....

ဦးရဲ့ အချစ်ဆုံး ဖြစ်ချင်တယ် (သိမ်း)  Z&UOnde histórias criam vida. Descubra agora