ဦးရဲ့ အချစ်ဆုံး ဖြစ်ချင်တယ်

2.6K 105 1
                                    


🍂ဦးရဲ့အချစ်​ဆုံးဖြစ်​ချင်​တယ်​🍂

[အခန်း ၁၆]

""ဟင်​....​သွေး​တွေ....""

ရုတ်​တရက်​ အပူရှိန်​လည်းမပြင်း အိမ်​ပြင်​လည်းမထွက်​ဘဲ နှာ​ခေါင်း​သွေးလျှံလာတာ​ကြောင့်​ လျှပ်​အံ့သြစွာ​ရေရွက်​လိုက်​မိသည်​။လျှပ်​​ခေါင်းအငုံမှာကျလာတာ​ကြောင့်​ နှာ​ခေါင်း​သွေး​တွေက စာရွက်​စာတမ်း ​ပေါ်မှာကျ​ရောက်​သွား၍ ​သွေးများစွန်း​လို့.....။

လျှပ်​ ​ခေါင်းကိုအသာ​မော့ထားရင်း ​ဘေးနားကစက္ကူအသန့်​ကိုလှမ်းယူကာ သုတ်​သင်​လိုက်​ပြီး နှာ​ခေါင်း​သွေးလျှံတာရပ်​​စေရန်​ ​ခေါင်းကိုဆိုဖာ​ပေါ်​မော့​မော့​လေးတင်ထားလိုက်​သည်​။လျှပ်နှာေ​ခါင်း​သွေးလျှံပုံ​ပေါက်ရင် ​​​ဒီ​နေ့လည်း အပူရှိန်​လွန်​ကဲပြန်​ပြီထင်​သည်​။ဟူး....ဒါလည်း​ရောဂါတစ်​မျိုး....။လူက​ဘဲ​ပျော့လို့လားမသိ အပူရှိန်​လွန်​ကဲတာ ​နေပူထဲအသွားများတာဆို Auto နှာ​ခေါင်း​သွေးလျှံပြီ။

""ဒင်း​ဒေါင်​....ဒင်း​ဒေါင်​....""

""ဘယ်​သူလာတာလဲ...ဖွားဖွားတို့လား...""

လျှပ်​ အတန်​ကြာ​အောင်​ ​ခေါင်း​လေး​မော့ထား​နေတုန်း အခန်း​ဘဲလ်​သံကြားလိုက်​ရတာ​ကြောင့်​ ​​ခေါင်း​ထောင်​က နှုတ်​မှတီးတိုး​ရေရွတ်​လိုက်​သလို သစ်​ရှူး​လေးကိုင်​၍ တံခါးဖွင့်​ရန်​ထလာခဲ့လိုက်​သည်​။

"" ​ဂျောက်​.....ဖွားဖွားလား ""

""....................""

""ဟင်​....ဦးမိန့်​....""

သွေးတိတ်​သွား၍ စွန်း​ပေ​နေ​သော သစ်​ရှူး​လေးကိုနီစပ်​ရာအမှိုက်​​တောင်းထဲလွင့်​ပစ်​ကာ ဖွားဖွားအထင်​တံခါးဖွင့်​လိုက်​စဉ်​မြင်​လိုက်​ရသည့်​ လူတစ်​​ယောက်​​ကြောင့်​ လျှပ်​ဟင်​ခနဲဖြစ်​သွားရသည်​။

မိန့်​ အခန်း​ရှေ့မှာ​နေ၍ဘဲလ်​တီးရ​ကောင်း မ​ကောင်းအ​တော်အတန်ကြာေ​အာင်​​စဉ်းစား​နေပြီးမှ ဘဲလ်​ကိုတီးလိုက်​သည်​။သူဘဲလ်​တီးပြီး မကြာ အခန်းတံခါးလာဖွင့်​​သောသူမ​ကြောင့်​ ပြုံးပဲပြရမလား ခပ်​တည်​တည်​ပဲ​နေရမလားမသိ။သူမက​တော့ သူကိုမြင်​ပြီး သရဲတပတ်​မြင်​သည့်​အတိုင်း မျက်​၀န်း​လေးကချစ်​ဖွယ်​၀ိုင်းလို့.....။

ဦးရဲ့ အချစ်ဆုံး ဖြစ်ချင်တယ် (သိမ်း)  Z&UWhere stories live. Discover now