ဦးရဲ့ အချစ်ဆုံး ဖြစ်ချင်တယ်

2K 70 1
                                    

🍂ဦးရဲ့အချစ်​ဆုံးဖြစ်​ချင်​တယ်​🍂

[အခန်း ၄၀]

"" လျှပ်​ မအိပ်​​သေးဘူးလား...""

မှန်​သားပြင်​ပြတင်း​ပေါက်​မှာရပ်​​နေ​ကာညမင်းကြီးအလှကိုရှူစား​နေ​သောချစ်​ရသူတံလျှပ်​နှင်းဆီအားအခန်းထဲဝင်​၀င်​လာခြင်းမြင်​လိုက်​ရသည်​မို့မိန့်​​မျက်ခုံး​လေးပင့်ကာေ​​မးလိုက်​ခြင်းဖြစ်​သည်​။

"" ဟင့်​အင်း...မအိပ်​​သေးဘူး အိပ်​လို့မ​ပျော်လို့​...သမီး​ရောအိပ်​သွားပြီလား ဦးမိန့်​...""

အမှန်​တပင်​ လျှပ်​ဒီညဘယ်​လိုမှပင်​အိပ်​လို့မ​ပျော်​။အိပ်​ချင်​စိတ်​လည်းတစ်​စိုးတစ်​စိမျှမရှိ။ခါတိုင်းဆိုသမီး​လေးကိုသိပ်​ရင်းလျှပ်​ပါတစ်​ပါးတည်းအိပ်​​​မောကျ​အောင်​အိပ်​​လေ့ရှိသည်​။သို့​သော်​ဒီ​နေ့​တော့ သမီး​လေးကိုဦးမိန့်​​ချော့သိပ်​သလို လျှပ်​ကလည်းအိပ်​လို့မ​ပျော်​။ရင်​ထဲအထီးကျန်​ခြင်းများနှင့်​ဒီည​​လေးလျင်​မြန်​စွာကုန်​လွန်​သွားမှာကိုပင်​မသိစိတ်​ကစိုးရွံ့တုန်​လှုပ်​​နေ၏...။အ​ကြောင်းက​တော့ တခြား​တော့မဟုတ်​​ပေ။မနက်​ဖြန်​ဆို ဦးမိန့်​လျှပ်​တို့သားအမိကိုယာယီခွဲကာ ခရီးစဉ်​တစ်​ပတ်​​ကျော်​ကြာခရီးနှင်​မည်​ဖြစ်​သည်​။

"" သမီး​လေးကအိပ်​ပြီ လျှပ်​...လျှပ်​လည်းအိပ်​​တော့​လေ ​တော်​ကြာညဉ့်​နက်​ရင်​မနက်​ကျ​ခေါင်းကိုက်​​နေမှာ​ပေါ့ဗျ...လျှပ်​အိပ်​မ​ပျော်​ရင်​ကိုယ်​​သီချင်းဆို​ချော့သိပ်​ရမလား...""

မနက်​ဆို သူခရီးစဉ်​ရှိတာ​ကြောင့်​သူမနဲ့သမီး​လေးကိုမခွဲချင်​​ပေမယ့်​တစ်​ပတ်​​လောက်​​တော့ခွဲရမည်​မို့ ​နောက်​က​နေလွမ်းဆွတ်​ဖွယ်​ လျှပ်​ခါး​လေးကိုဖတ်​လျက်​ လျှပ်​ပုခုံး​ပေါ်​မေးတင်​ရင်း​ချော့သိပ်​ရမလား​ဟု​နေအမိန့်​​မေးလိုက်​သည်​။နေအမိန့်​​မေးလိုက်​သည်​ဆို​ပေမယ့်​ တံလျှပ်​နှင်းဆီက​တော့​ခေါင်းညိတ်​​ခေါင်းခါခြင်းမပြု။အ​ကြောင်းအရာတစ်​ခုကိုစဉ်းစား​နေဟန်​ဖြင့်​တိတ်​ဆိတ်​မြဲတိတ်​ဆိတ်​ဆဲပင်​ရှိ​နေ၏...။အတန်​ကြာမှတိတ်​ဆိတ်​​နေတဲ့ ​နေအမိန့်​နှင့်​တံလျှပ်​နှင်းဆီကြား တံလျှပ်​နှင်းဆီ၏သက်​ပြင်းရှိုက်​သံယဲ့ယဲ့​​လေးနှင့်​အတူ တိုးလျညင်​သာ​သောစကားသံ​လေးထွက်​​ပေါ်လာသည်​...။

ဦးရဲ့ အချစ်ဆုံး ဖြစ်ချင်တယ် (သိမ်း)  Z&UWhere stories live. Discover now