ဦးရဲ့ အချစ်ဆုံး ဖြစ်ချင်တယ်

2.5K 92 1
                                    


🍂ဦးရဲ့အချစ်​ဆုံးဖြစ်​ချင်​တယ်​🍂

[အခန်း ၁၈]

နှလုံးသား ဆိုတာ လူတစ်​​ယောက်​အတွက်​မရှိမဖြစ်​လိုအပ်​တဲ့အဓိကအစိတ်​အပိုင်းဖြစ်​​ပေမယ့်​ ချစ်​​ရေးချစ်​ရာမှာ​တော့ ထင်​သ​လောက်​မလိုအပ်​ပါ။တကယ်​လို့ လူတစ်​​ယောက်​ဟာ ချစ်​​ရေးချစ်​ရာမှာ ဦး​နှောက်​ထက်​ နှလုံးသားကိုသာအ​ရေး​ပေးဆုံးဖြတ်​လိုက်​လျှင်​ ​သေချာသည်​ ထိုလူဟာနာကျင်​​တော့မည်​ဆိုတာ​ပေါ့....။နာကျင်​ခြင်း​တောင်​ ရိုးရိုးနာကျင်​ခြင်းမဟုတ်​ တစ်​​မြေ့​မြေ့နဲ့​သေ​စေနိုင်​​လောက်​တဲ့နာကျင်​မှုမျိုး....။ဒါကိုသိရဲ့နဲ့ ""မီးကိုကစားရတာကြိုက်​တဲ့ပိုးဖလံ​လေး""လို့ တိုးဝင်​​နေကြတဲ့လူ​တွေထဲမှာ ""တံလျှပ်​နှင်းဆီ"" ဆိုတဲ့​မိန်းက​လေးပါပါဝင်​​နေတယ်​ဆိုတာဘယ်​သူသိနိုင်​မှာလဲ.....။

တကယ်​တော့ ​နှလုံးသားက ခံစားခြင်း​လေးမျိုးကိုစွမ်း​ဆောင်​နိုင်သည်​​​။ဒီထက်​လည်းပိုချင်​ပိုမည်​​ပေါ့။အတိအကျမသိ​ပေမယ့်​ သူမသိတာတစ်​ခု​တော့ ခံစားခြင်း​လေးမျိုး။နာကျင်​ခြင်း၊ငို​ကြွေးခြင်း၊​ပျော်​ရွှင်​ခြင်း၊လွမ်းဆွတ်​တမ်းတခြင်း။ထို​လေးမျိုးဟာ အဓိက​နေရာမှာပါဝင်​မယ့်​ခံစားခြင်းဆိုတာဘယ်​သူမှငြင်းဖယ်​​တွေဖယ်​လို့မရ။ဒါဟာအမှန်​တရား။

ဘယ်​​လောက်​ပဲ ချစ်​တတ်​ပါတယ်​ ချစ်​ကြပါတယ်​ဆိုတဲ့ စုံတွဲ​တွေ​တောင်​ ထို​လေးမျိုးကိုပါးပါးဆီခံစားရမည်​မလွဲဧကန်​။ပျော်​ရွှင်​ခြင်းနဲ့လွမ်းဆွတ်​ခြင်းဟာများ​သောအားဖြင့် 99.99% ​ခံစားရရင်​​တောင်​ ငို​ကြွေးခြင်း၊နာကျင်​ခြင်းခံစားရတဲ့ 00.01% က ​ပျော်​ရွှင်​ခြင်း​တွေထက်​အဆ​ပေါင်းများစွာသာလွန်​သည်​။ဘာ​ကြောင့်​ဆို ချစ်​တတ်​တဲ့လူသားတစ်​​ယောက်​မှာ 99.9% ရှိတဲ့​ပျော်​ရွှင်​ခြင်းကိုပိုင်​ဆိုင်​ထားသူမရှိလို့....။အမြဲငို​ကြွေး​နေရတာမဟုတ်​ရင်​​တောင်​အနည်းကျဉ်း​တော့ လွမ်းဆွတ်​ဖူးမှာပါ...။ဒါဟာ အချစ်​က​ပေးတဲ့ဒုက္ခနဲ့ နှလုံးသားကိုဦးစား​ပေးတဲ့လူ​တွေခံရတဲ့ဒုက္ခ....။

ဦးရဲ့ အချစ်ဆုံး ဖြစ်ချင်တယ် (သိမ်း)  Z&UWhere stories live. Discover now