Prologue

1K 54 9
                                    

[Zawgyi Version]

မင်း ကိုယ့်ဆီစရောက်လာကတည်းက အဖြစ်အပျက်တွေက ထူးဆန်းလာခဲ့တယ်။
ဒါတွေကို ကိုယ်မရိပ်မိဘူးလို့ပြောရအောင်လည်း ကိုယ်အဲ့ဒီ့လောက်မတုံးအခဲ့ဘူး ကလေး...

မင်းဖြစ်နေလို့ ကိုယ်... မသိချင်ယောင်ဆောင်ပေးခဲ့တာ။
မင်းဖြစ်နေလို့...

>Your Lie<
___________________________________

' Yonniလေး daddyပြောထားတယ်လေ။ သားနဲ့မဆိုင်တဲ့ပစ္စည်းတွေဆို မကိုင်ရဘူးလို့။ အခု သားလုပ်ထားတာတွေကို ကြည့်စမ်း '

မနှူးညံနေသော်လည်း ကြမ်းတမ်းခြင်းလည်းမရှိတဲ့လေသံမျိုး၊ တစ်နည်း သတိပေးခြင်းဆိုသော ပုံစံဖြင့် Yoongiတစ်ယောက် သူ့၏ချစ်လှစွာသော သားလှရတနာကို ဆုံးမနေခြင်းဖြစ်သည်။ ဒါဟာ သူမနက်တိုင်း ပြောနေရသော စကားတွေပင်။

သူက24နာရီ အမြဲတမ်းလိုလို အလုပ်များနေတတ်တဲ့လူမျိုးဖြစ်သည့်အလျောက် သားကသူ့ကိုအနားနေစေချင်သည်၊ သူနှင့်အတူဆော့စေချင်သည်၊ သူဒါတွေကိုနားလည်ပေမယ့်လည်း သားကိုအချိန်မပေးမိ။ ဒါကြောင့်သူ့အား မကျေနပ်သည့် သားငယ်က အပြစ်ပေးသည့်အနေဖြင့် သူ့အလုပ်ခန်းထဲရှိ စာရွက်တွေအား ယူကာလျှောက်ခြစ်လေ့ရှိသည်။

တစ်ခါတစ်လေ အသုံးမလိုတာတွေကို လုပ်မိတာအကြောင်းမဟုတ်ပေမယ့် အခုက သူဒီနေ့အစည်းအဝေးအတွက် ပြင်ဆင်ထားတဲ့ စာရွက်စာတမ်းဖြစ်နေသည်မို့ ဆူနေရခြင်းပင်။

သို့သော်လည်း ကြာကြာမဆူနိုင်ပါ။ သူ့အား ဝမ်းနည်းနေသော မျက်လုံးကျယ်ကျယ်လေးတွေဖြင့် ကြည့်နေသော Yonniလေးမှာ သိပ်ကိုချစ်ဖို့ကောင်းလွန်းနေသည်မဟုတ်လား။ ဖြူစွတ်နေသောအသားအရေလေး၊ ပါးဖောင်းဖောင်းလေးတွေ နောက်ပြီးတော့ ရယ်လိုက်တိုင်း ပေါ်လာတတ်တဲ့ သွားသေးသေးလေးတွေဟာ သူနဲ့သိပ်ကိုတူလွန်းသည်။ မျက်ဝန်းကျယ်ကျယ်လေးတွေကတော့ မိခင်ဖြစ်သူဆီက ဖြစ်ပေလိမ့်မည်။ အားလုံးခြုံကြည့်လိုက်မယ်ဆို သားကသိပ်ကိုချစ်စရာကောင်းတဲ့ ကလေးလေးပင်။

' သားက Daddyကို နောက်မလုပ်တော့ဘူးလို့ ကတိပေးရင် ကစားကွင်းကိုလိုက်ပို့ပေးမယ်။ ပြီးတော့ သားအရမ်းချစ်တဲ့ ပိုရိုရိုတွေဆီကိုလည်း ခေါ်သွားပေးဦးမှာ '

[  YOUR LIE  ] Where stories live. Discover now