Chapter.1

30.9K 1.4K 11
                                    

(Zawgyi)

ကျွန်တော်နာမည် Wang Yibo.
ကျွန်တော်ရဲ့အသက်22နှစ်ပြည့် မွေးနေ့မှာ
နှစ်ခုသော ဆန္ဒလေးတွေကို တောင်းဆုပြုခဲ့သည်။

မကြာခင် ဝင်ပြိုင်ရမဲ့ ပြိုင်ပွဲမှာ ဆုတစ်ခု ရယူနိုင်ဖို့နဲ့
ရှေ့ဆက်ရမဲ့ နေ့ရက်တွေကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းနိုင်ဖို့

.........

.........

ဒီနေ့က ARRC (Asia Road Racing Championship) China Race 2 ကို ယှဉ်ပြိုင်ရမှာ ဖြစ်သည်။ မနေ့က Race 1မှာ overall အနေနဲ့ 3rd placeနေရာ ရယူနိုင်ခဲ့တာမို့ ဒီနေ့အတွက် yibo စိတ်လှုပ်ရှားနေသည်။

ဒီနေ့လည်း ဆုတံဆိပ်တစ်ခု ရအောင် ယူမယ်...

ပြိုင်ပွဲကွင်းထဲ သူ ၀င်ရောက်လာတော့ ပွဲကြည့်စင်မြင့်တွေဆီကနေ သူနာမည်ခေါ်သံတွေ ထွက်ပေါ်လာခဲ့သည်။ ဟုတ်တာပေါ့... လူသစ်တန်းမှာဆို သူက နာမည်ကြီးပဲလေ... အစက ၀ါသနာကြောင့် အပျော်တန်း စစီးခဲ့ပေမဲ့.. စီနီယာတစ်ယောက်က ပြိုင်ပွဲတွေ ၀င်ပြိုင်ကြည့်ဖို့ အကြံပေးလာတာကြောင့် နောက်ပိုင်းမှာ ၀င်ပြိုင်ဖြစ်ခဲ့ပြီး သူနာမည်ကို လူသိများလာခဲ့သည်။

Wang Yiboဆိုတဲ့နာမည်ကြောင့် လူတွေ ပိုသတိထားမိတာ ဖြစ်နိုင်တယ်... Freestyle Danceလောကမှာလည်း Wang Yiboဆိုတဲ့နာမည်က နေရာတစ်ခု ယူထားနိုင်တာကြောင့် ဖြစ်၏။

.......

.......

ကွင်းထဲက screenပေါ်မှာ ပြသနေတဲ့ ဇယားမှာ 2nd placeမှာ နေရာယူထားတဲ့ Wang Yiboဆိုသော နာမည်ကို သူ လှမ်းကြည့်ပြီး ကျေနပ်စွာ ပြုံးလိုက်မိသည်။

Oh!!! သူရဲ့မွေးနေ့ဆုတောင်းတစ်ခုကတော့ ပြည့်သွားခဲ့ပြီပဲ...

ဒီနေ့ အနိုင်ရတဲ့ သုံးယောက်ကို အင်တာဗျူး ရှိတယ်လို့ ပြောလာတာမို့ အိမ်ပြန်ချင်စိတ်တွေကို မျိုသိပ်ပြီး ကျန်တဲ့နှစ်ယောက်နဲ့အတူ အခန်းတစ်ခုတည်း yibo ရောက်နေခဲ့သည်။

မေးခွန်းများစွာကို အခြားနှစ်ယောက်က ဘာလို့ဖြေဆိုလဲ သတိမထားမိပေမဲ့ သူကတော့ တစ်လုံး နှစ်လုံးနဲ့တင် အဖြေက ဖြစ်နေပြီ...

'yiboကို နောက်ထပ်မေးချင်တာက Motorcycle ပြိုင်ပွဲအတွက် လေ့ကျင့်နေရသလို Danceအပိုင်းမှာလည်း လစ်ဟာမှု မရှိအောင် လေ့ကျင့်နေရတာဆိုတော့ ပင်ပန်းတယ်လို့ ခံစားရတဲ့အခါ ဘယ်လို......''

Bo'Bunny Baby [fanfiction/Completed] Where stories live. Discover now