Chapter.5

11.7K 1.1K 22
                                    

(Zawgyi)

မိုးကုတ်စက်ဝန်းကနေ အလင်းရောင်သန်းတာနဲ့ လှုပ်ရှားလာတဲ့ သက်ရှိလေးတစ်ခု ရှိနေ၏။

သစ်ရွက်ခြောက်တွေ ကြွေကျနေတဲ့မြေပြင်မှာ ပြေးလွှား
လှုပ်ရှားနေတဲ့ သူရဲ့ခြေသံလေးတွေက တိတ်ဆိတ်နေတဲ့ တောတွင်းထဲမှာ ပျံနှံနေ၏။

သူနေထိုင်သော ယုန်မျိုးနွယ်ရဲ့စည်းမျဉ်းအရ
တစ်ကောင်ချင်းစီ မုန်လာဥဖြစ်ဖြစ်
အခြားသစ်ဥသစ်ဖုဖြစ်ဖြစ် တစ်နေ့တစ်လုံး သိုလှောင်တွင်းဆီ ပေးရမယ်ဆိုသောကြောင့် သူ အစာရှာထွက်နေခြင်း ဖြစ်သည်။

'မင်း ရောက်နေပြန်ပြီ!'

သိုလှောင်တွင်းကို စောင့်ကြပ်ရတဲ့ ယုန်အကြီးအကဲက
သိုလှောင်တွင်း ဖွင့်ဖို့ လုပ်နေတုန်းရှိသေး...
မိုးမလင်းခင်ကတည်းက အစာရှာထွက်ထားတဲ့ ယုန်ငယ်လေးက ပန်းသီးလေးတစ်လုံးကို အညှာတံကနေ ကိုက်ချီထားသည်။

'မင်း ထပ်ပြီး သွားအုန်းမလို့လား'

အကြီးအကဲရဲ့စကားကို ယုန်ငယ်လေးက ဘာမှ ပြန်မဖြေဘဲ ပန်းသီးလေးကိုကိုက်ချီရင်း သိုလှောင်တွင်းထဲ
ဝင်ထားလိုက်သည်။

'တစ်နှစ်တောင် ပြည့်တော့မယ် မှတ်လား!
မင်း ယုံတမ်းစကားတွေမှာ နစ်မျောမနေသင့်ဘူး!'

အပြင်ပြန်ထွက်လာတဲ့ယုန်ငယ်ကို
ဆုံးမစကားဟြေတော့...

'ဒီတစ်နေ့တာအတွက် ကျွန်တော်လုပ်ရမဲ့တာဝန်က
ပြီးသွားပြီလေ... ဘာမှလုပ်စရာ မရှိတော့ဘူး...
အကြီးအကဲ မနက်ဖြန်မှ ပြန်တွေ့မယ်!'

နှုတ်ဆက်ကာ ပြေးထွက်သွားတဲ့ ယုန်ငယ်လေးကို ကြည့်ကာ...

'အစွဲအလမ်းကြီးမားတဲ့ကလေးငယ်ပဲ!'

•••

•••

ဖြူစွတ်စွတ်အမွေးတွေကို ပိုင်ဆိုင်ထားတဲ့ ထိုယုန်ငယ်လေး သူတို့ဘေးက ဖြတ်ပြေးသွားတာနဲ့ ...

'သူ ထပ်သွားပြန်ပြီ!'

'အရူးလား မဖြစ်နိုင်တာကို အိမ်မက် မက်နေတုန်းပဲ!'

'သူ လက်မလျော့နိုင်သေးဘူး!'

ဆိုသော စကားတွေသာ ဟြေနေကြ၏။

Bo'Bunny Baby [fanfiction/Completed] Where stories live. Discover now