Chapter.4

12.2K 1.1K 27
                                    

အားပါးပါး!!!

အသံစူးစူးလေး တစ်ခုကြောင့် yibo အိပ်နေရာကနေ
နိုးလာခဲ့သည်။

ငါ့အိမ်ထဲ ဘယ်သူရောက်နေတာလဲ... သူခိုးလား??

yibo အိပ်ချင်မူးတူးနဲ့ ထထိုင်ကာ စဉ်းစားတော့မှ...

အာ~~ ဟိုယုန်ပေါက် ရှိနေတာပဲ!!! Oh God!! ဒါဆို စောနက အသံက သူ့အသံလား!! တစ်ခုခုဖြစ်နေပြီ!
ထင်တယ်!!!

yibo သူရဲ့အိပ်ခန်းထဲကနေ ပြေးထွက်ကာ ညတုန်းက
xiao zhan အိပ်ခဲ့တဲ့ ဆိုဖာကို ကြည့်လိုက်တော့
ခေါက်ရက်သား ခြုံစောင်တစ်ထည်ပဲ ရှိနေခဲ့တယ်...

'အယ်? မင်း နိုးနေပြီလား... မဟုတ်တောင် အခုပဲ လာနိုးတော့မလို့! '

'ယုန်ပေါက်! မင်း တစ်ခုခု ထိခိုက်မိသွားသေးလား!'

သူ အနောက်ကို ရောက်လာတဲ့xiao zhanနားကို yibo ရောက်သွားကာ ထိခိုက်မှု ရှိမရှိ စစ်ဆေးနေ၏။

'ဘာ... ဘာမှ မဖြစ်ပါဘူး'

'စောနက မင်းအသံ ငါကြားလိုက်လို့!'

'အော်! အဲဒါက ပူနေတဲ့ဒယ်အိုးကို သွားကိုင်မိလို့ အော်လိုက်မိတာ'

'ဒယ်အိုး??'

ဟုတ်သား... ယုန်ပေါက် ထွက်လာတာက မီးဖိုခန်းဘက်ကပဲ...

မီးဖိုခန်းဆီ yibo ဝင်ကြည့်လိုက်တော့...
အသီးအရွက်အစုံ ထမင်းကြော်နှစ်ပွဲရယ် ကြက်ဥလိပ်ရယ် ဟင်းခါးတစ်ခွက်ရယ်ကို စားပွဲပေါ်မှာ ခင်းကျင်းထားတာ
တွေ့လိုက်ရသည်။

'ဒါ...ဒါတွေက မင်း ပြင်ဆင်ထားတာလား'

'ဒါပေါ့... ငါ လက်စွမ်းပြထားတာတွေ'

'ဝိုး!! မင်း ချက်ပြုတ်တတ်မယ်လို့ ငါ တကယ် မထင်ထားဘူး!'

yibo ထမင်းစားပွဲမှာ ဝင်ထိုင်ကာ ဟင်းခါးကို ခပ်သောက်မယ် လုပ်တုန်း xiao zhanရဲ့တားမြစ်ခြင်းကို ခံလိုက်ရ၏။

'မျက်နှာအရင်သစ်!'

yiboတစ်ယောက် လက်ထဲက ဇွန်းကို မချချင် ချချင်နဲ့ ပြန်ချကာ မျက်နှာသစ်ဖို့ ရေချိုးခန်းဆီ ဦးတည်ရသည်။

'ငါ စင်ပေါ်ကသွားတိုက်တံအသစ်တစ်ချောင်းကို
ယူသုံးထားတယ်!'

Bo'Bunny Baby [fanfiction/Completed] Where stories live. Discover now