Chapter.7

9K 1K 30
                                    

(Zawgyi)

'yibo ဒီနေ့လည်း အစောကြီး ပြန်မလို့လား!'

လေ့ကျင့်ရေးပြီးတာနဲ့ အဝတ်အစားအမြန်လဲနေသော yiboအနားကို တစ်သင်းတည်းသားဖြစ်တဲ့ အစ်ကိုတစ်ယောက် ရောက်လာ၏။

'ဟုတ်တယ်...အစ်ကိုဖုံ'

နောက်လထဲ ဝင်ရောက်ယှဉ်ပြိုင်ရမဲ့ ပြိုင်ပွဲကြောင့်သာ မဟုတ်ရင် ဒီရက်တွေမှာ လေ့ကျင့်ရေး လာဆင်းဖြစ်မှာတောင် မဟုတ်ဘူး...

'ဒီနေ့တော့ မပြန်နဲ့အုန်း... အစ်ကိုတို့ ညစာစားပွဲ စီစဉ်ထားတယ်!'

'ကျွန်တော် လိုက်ဖို့ အဆင်ပြေမှာ မဟုတ်ဘူး!'

'ခဏလောက်ဖြစ်ဖြစ် လိုက်ခဲ့ပါလား!... အသင်းခေါင်းဆောင်လည်း လာမှာ!'

xiao zhanဆိုတဲ့ယုန်ပေါက် သူဆီ ရောက်လာကတည်းက အသင်းသားတွေနဲ့ အချိန်မပေးဖြစ်ခဲ့တာမို့ ညစာ စားပွဲမှာ ခဏဖြစ်ဖြစ် မျက်နှာပြနေလိုက်တာ ကောင်းမယ်လို့ yibo တွေးလိုက်သည်။

xiao zhanလည်း ဒီကိုရောက်တာ တစ်ပတ်လောက် ရှိပြီဆိုတော့ နေသားကျနေပြီပဲ... ငါ သိပ်စိတ်ပူစရာတော့ မရှိလောက်ပါဘူး... ဖုန်းတော့ ဆက်ထားလိုက်မယ်!

'ကောင်းပြီ အစ်ကိုဖုံ... ကျွန်တော် ဖုန်းဆက်ပြီး လိုက်ခဲ့မယ်... အရင်စားနေကျ ဆိုင်မှာပဲ မှတ်လား!'

အစ်ကိုဖုံက ခေါင်းညိတ်ပြကာ ခပ်လှမ်းလှမ်းကို
ထွက်သွားပြီးမှ
yiboကို လှည့်ကြည့်ကာ

'ဖုန်းဆက်ရမယ်ဆိုတော့... yibo မင်းမှာ ဖွက်ထားတဲ့
ကောင်မလေး ရှိနေပြီ ထင်တယ်!'

'ဟားဟား... ဖွက်ထားတဲ့ကောင်မလေး မရှိပါဘူးဗျာ!'

ဖွက်ထားတဲ့ယုန်ပေါက်ပဲ ရှိတာ ^_^

•••

•••

ဝရံတာမှာ လှန်းထားတဲ့အဝတ်တွေကို
xiao zhan ထွက်ရုတ်နေတုန်း... အိမ်ထဲက ဖုန်းမြည်သံကြောင့်... ကမန်းကတန်း အိမ်ထဲ ပြန်ပြေးဝင်လာခဲ့သည်။

သူတို့ကြား ဆက်သွယ်မှုလေး ရှိသင့်တယ်ဆိုပြီး yiboက သူအတွက် ဝယ်ပေးထားတဲ့ဖုန်းလေး...

ဒုန်း!!!

အားပါးပါး......

ဖုန်းကျသွားမှာ စိုးရိမ်သောကြောင့် ဖုန်းတင်ထားတဲ့စားပွဲအစွန်းကို ဝင်တိုက်မိတဲ့ ဒူးခေါင်းကို မပွတ်အားဘဲ ဖုန်းကိုသာ အမြန်ကိုင်လိုက်သည်။

Bo'Bunny Baby [fanfiction/Completed] Where stories live. Discover now