Special Episode for Xiao Zhan'Birthday

7.6K 749 6
                                    

(Zawgyi)

//ဒီအပိုင်းသည် အခန်း(၁၁)ရဲ့နောက်ဆက်တွဲ မဟုတ်ပါ… ရှောင်းကျန့်မွေးနေ့မှာ အမှတ်တရအဖြစ် ရေးခြင်း
ဖြစ်သည်။ //

……

ချလွင်…

ဆိုင်ရဲ့တံခါးလေးကို တွန်းဝင်လိုက်တာနဲ့ ခေါင်းလောင်းအသေးလေးရဲ့ လှုပ်ခတ်သွားကာ အသံလေး ထွက်ပေါ်လာ၏။

'မင်္ဂလာပါရှင့်'

လာရောက်နှုတ်ဆက်တဲ့ဝန်ထမ်းလေးကို ခေါင်းညိတ် ပြန်နှုတ်ဆက်ကာ ချစ်စဖွယ်ပုံစံလေးအဖြစ် ဖွဲ့စည်းထားတဲ့ ဆိုင်အပြင်အဆင်လေးကို ကြည့်ပြီး… xiao zhanသာ ပါလာရင် တော်တော်သဘောကျမှာပဲ လို့ yibo တွေးလိုက်သည်။

နောက်တစ်ခါကျရင် ယုန်ပေါက်ကိုပါ ခေါ်လာရမယ်…

'birthday cakeတစ်ခုလောက် လိုချင်လို့ပါ'

yibo ဟြေလိုက်တော့ ဝန်ထမ်းလေးက ပြန်မေး၏။

'ဟုတ်ကဲ့… အစ်ကို cakeကို အော်ဒါမှာခဲ့မှာလား… ကိုယ်တိုင် လုပ်မှာလား'

'ကိုယ်တိုင် လုပ်မှာပါ…ဒါပေမဲ့ ကျွန်တော် တစ်ခါမှတော့ မလုပ်ဖူးဘူး! အဲဒါcakeလုပ်ဖို့ အဆင်ပြေပါ့မလား'

yibo အရှက်ပြေ ခေါင်းကုတ်ကာ မေးလိုက်သည်။

'ရပါတယ်…ညီမတို့က cakeလုပ်ပုံ လုပ်နည်းအဆင့်ဆင့် ပြသပေးမှာပါ'

'ဒါဆိုရင်တော့ အဆင်ပြေတာပေါ့ဗျာ!'

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက xiao zhanနဲ့စကားဟြေနေရာကနေ မနက်ဖြန်ဆို xiao zhanမွေးနေ့ဆိုတာကို
သိလာခဲ့တာ…

သူက October 5ရက်နေ့က ဘယ်တော့လဲလို့ မေးလာတာကြောင့် ဘာလို့သိချင်တာလဲဆိုပြီး အတင်းဖြေခိုင်းတော့မှ… သူကို လူသားဖြစ်ခွင့်ပေးခဲ့တဲ့သူက ဟြေပြတာတဲ့ October 5ရက်နေ့က
သူမွေးဖွားတဲ့နေ့ဆိုပြီး…

ယုန်ငယ်လေးကနေ လူသားအဖြစ် ရောက်လာပြီး ပထမဆုံးကြုံရတဲ့မွေးနေ့ပွဲလေးကို အမှတ်တရဖြစ်သွားအောင် ကိုယ်တိုင်လုပ်ထားတဲ့ကိတ်မုန့်လေး လက်ဆောင်ပေးမယ်လို့ စိတ်ကူးရခဲ့တာ… အဲဒါကြောင့် အစ်ကိုဖန် လမ်းညွှန်ပေးတဲ့ဒီဆိုင်လေးဆီ သူရောက်လာခဲ့ခြင်း ဖြစ်၏။

Bo'Bunny Baby [fanfiction/Completed] Where stories live. Discover now