Chapter.10

8.9K 1K 25
                                    

(Zawgyi)

yiboတစ်ယောက် ရေအေးအေးတစ်ခွက်ကို တစ်ကျိုက်တည်း မော့ချပြီးနောက် စားပွဲပေါ်ကို ဒုန်းခနဲ မြည်အောင် ဆောင့်ချလိုက်၏။

မြင်လိုက်ရတဲ့ ပုခုံးသား ဖွေးဖွေး...ရင်ဘတ်ဖြူဖြူကြောင့် ပူထူသွားတဲ့နှလုံးသားကို ရေအေးအေးနဲ့ ငြိမ်းသတ်လိုက်ပေမဲ့ မငြိမ်းနိုင်... ပူလောင်မှုကြောင့် အသက်ရှုနှုန်းကလည်း မြန်ဆန်နေသဖြင့် ရင်ဘတ်တစ်ခုလုံး နိမ့်ချေ မြင့်ချေ။

နောက်ထပ် ရေအေးတစ်ခွက် ထပ်သောက်ကာ ရင်ဘတ်ကို ဖိပြီး စိတ်ငြိမ်အောင် ထိန်းရင်း yibo သက်ပြင်းချမိသည်။

'yiboရေ မင်း ဘာဖြစ်နေတာလဲကွာ! ယောကျာ်းလေးတစ်ယောက်ရဲ့အပေါ်ပိုင်းဗလာကျင်းတာကို မမြင်ဖူးတာလည်း မဟုတ်ဘဲနဲ့!'

ဆိုင်ကယ်လေ့ကျင့်ရေးဆင်းပြီးရင် အသင်းရဲ့အဝတ်လဲခန်းထဲမှာ အစ်ကိုတွေနဲ့အတူတူ အဝတ်အစားတွေ လဲနေကျပဲကို... အခုယုန်ပေါက်နဲ့ကျမှ သရုပ်ပျက်နေမိပြီ။

'bo! ခဏလောက် စောင့်နော်... ငါ မနက်စာ အမြန်ပြင်ဆင်လိုက်မယ်!'

သူကို ဂနာမငြိမ်ဖြစ်အောင် လုပ်တဲ့တရားခံအား yibo ဘာမှ ပြန်မဟြေဘဲ ဒီအတိုင်းသာ စိုက်ကြည့်နေသည်။ xiao zhanကတော့ ရေခဲသေတ္တာထဲက နွားနို့ကို ထုတ်နွေးရင်း ကြက်ဥကြော်ဖို့ပါ ပြင်ဆင်နေ၏။

'ဒီနေ့ အိပ်ရာထတာ နောက်ကျသွားလို့ နွားနို့နဲ့ ကြက်ဥကြော်ပဲ ရမယ် ဟီး!!'

သွားဖြူဖြူလေးတွေ ပေါ်အောင် ရယ်ပြကာ ဟြေလာတဲ့ xiao zhanကို yibo သေချာစိုက်ကြည့်နေရင်း...

'ယုန်ပေါက်! မင်း ဟြေင်းလဲနေတယ်!'

'ဟမ်? ဘာကိုလဲ'

အူကြောင်ကြောင်နဲ့ သူကို ပြန်ကြည့်နေတဲ့ ယုန်ပေါက်ရဲ့ဆံပင်တွေကို yibo ဆွဲဖွကာ...

'နားရွက်ရှည်တွေ မရှိတော့ဘူးလေ!'

'အော်အေး! ပထမဆုံး လကွယ်ရက်ကို ကျော်ဖြတ်ပြီးသွားတာမို့ လူသားအသွင် လုံးဝဟြေင်းသွားတာ!'

'ပထမဆုံးဆိုတော့ မင်းက ငယ်ငယ်တည်းက လူတစ်ဝက် ယုန်တစ်ဝက် မဟုတ်တာလား'

Bo'Bunny Baby [fanfiction/Completed] Where stories live. Discover now