Chapter.13

7.5K 795 11
                                    

(Zawgyi)

'yibo! ဒီမှာ မင်းတို့နှစ်ယောက်ရဲ့ဓာတ်ပုံတွေ..'

ဆိုင်ကယ်စီးလေ့ကျင့်ရေးပြီးတော့ ပြန်ဖို့ပြင်ဆင်နေတုန်း အစ်ကိုဖန်း ရောက်လာကာ စာအိတ်တစ်အိတ် လာပေးတာကြောင့် စာအိတ်ထဲက ဓာတ်ပုံတွေကို yibo ထုတ်ကြည့်လိုက်သည်။

Halloween party တုန်းက သူနဲ့ယုန်ပေါက်ရဲ့ပုံတွေ.. ထိုညတုန်းက xiao zhanကို ယုန်လေးလို ပြင်ဆင်စေပြီး သူကတော့ vampierလို ၀တ်ဆင်ခဲ့တာ... ပျော်နေတဲ့ယုန်ပေါက်.. ၀ိုင်လေးနည်းနည်းဝင်ပြီးနောက် ရီဝေေ၀ဖြစ်နေတဲ့ယုန်ပေါက်.. အပြုံးလေးနဲ့vampireကို မြူစွယ်နေတဲ့ယုန်ပေါက် စတဲ့ partyပွဲတလျှောက် သူ လိုက်ရိုက်ထားတဲ့ယုန်ပေါက်ရဲ့ပုံတွေ.. နောက်တော့ အစ်ကိုဖန်း ရိုက်ပေးထားတဲ့ သူတို့နှစ်ယောက်ရဲ့ဓာတ်ပုံလေးတွေ.. yibo တစ်ပုံချင်းစီ ကြည့်နေရင်း နောက်ဆုံးဓာတ်ပုံဆီ ရောက်တော့ သဘောအရမ်းကျသွားကာ အပြုံးကြီးတစ်ခု ပြုံးလိုက်မိသည်။

ဝိုင်မူးနေတဲ့ယုန်ပေါက်တစ်ကောင် သူရဲ့ပေါင်ပေါ် တက်ထိုင်ကာ ပါးပြင်လေးကို အနမ်းလာပေးနေတဲ့ပုံလေး.. မှတ်မိသေးတယ်.. သူက Vampireမို့ မျက်ကပ်မှန်အနီ တပ်ထားတာကို မျက်ဝန်းနီနီလေးနဲ့ ချစ်စရာကြီး ဆိုကာ ယုန်ပေါက်က သူရဲ့ပါးနှစ်ဖက်လုံးကို အုပ်ကိုင်ကာ ဘယ်ပြန် ညာပြန် အနမ်းပေးနေခြင်း ဖြစ်သည်။

ဘေးနားမှာ ရှိနေတဲ့အစ်ကိုဖန်းက ကြက်သီးထသလို လုပ်ပြကာ..

'ယုန်တစ်ကောင်ကို စားဖို့ကြံနေတဲ့အပြုံးကြီးမျိုး ပြုံးမနေနဲ့.. မြင်ရတာ ကြက်သီးထစရာကြီး!!''

''ကိုယ်ပိုင်တဲ့ယုန်ပဲဟာ!!''

Yiboက အတွန့်တက်ကာ ပြောတော့ အစ်ကိုဖန်းက ခေါင်းတစ်ခါခါနဲ့..

'ဖြစ်နိုင်ရင် ငါ့ညီလေး xiao zhanလေးကို ငါပဲ ခေါ်ထားချင်တယ်.. မင်းနဲ့ကို နည်းနည်းလေးမှ နည်းနည်းလေးမှာ စိတ်မချဘူး''

ပြောလာတော့ yibo သဘောကျစွာ ထရယ်မိ၏။ သူရဲ့ယုန်ပေါက်လေးကို အသင်းထဲက အစ်ကိုတွေနဲ့ မိတ်ဆက်ပေးပြီးကတည်းက ညီလေး ညီလေးနဲ့ တော်တော်ဖြစ်နေကြတာ.. သူရဲ့ယုန်ပေါက်လေးက တကယ်ကို မျက်နှာမြင် ချစ်ခင်တဲ့ဆုကို ပိုင်ဆိုင်ထားတာပဲ..

Bo'Bunny Baby [fanfiction/Completed] Where stories live. Discover now