Chapter.6

9.8K 1K 11
                                    

(Zawgyi)

ဘေးချင်းယှဉ်လျှောက်နေတဲ့ xiao zhanရဲ့လက်လေးကို yibo ဆုပ်ကိုင်လိုက်တော့.... ဈေးဆိုင်တွေ တအံတသြ လိုက်ငေးနေတဲ့ မျက်ဝန်းလေးတွေက
သူဆီ လှည့်ကြည့်လာခဲ့၏။

'အဟမ်း! လူတွေများနေတော့ လူကွဲသွားမှာစိုးလို့'

ရှက်နေတဲ့ yiboတစ်ယောက် သူကိုကြည့်နေတဲ့
မျက်ဝန်းလေးတွေကို ရှောင်ကာ ဟြေလာခဲ့သည်။

yibo စကားဆုံးတာနဲ့ xiao zhanလေး ပြုံးသွားကာ သူကို ဆုပ်ကိုင်ထားတဲ့
yiboလက်ဖဝါးကို ပိုမိုတင်းကျပ်စေလိုက်ပြီး မူလအတိုင်း ဈေးဆိုင်တွေကို ပြန်ကြည့်နေခဲ့သည်။

'bo! မသွားတော့ဘူးလား'

xiao zhanအပြုံးကြောင့် သတိလက်လွတ်ဖြစ်သွားတဲ့ yibo ခြေလှမ်းတွေ ဆက်မလှမ်းမိဘဲ ရပ်နေမိတော့... xiao zhanက ခေါင်းလေး ပြန်လှည့်လာကာ
မေးလာ၏။

hooded jacketမှာပါတဲ့ ခေါင်းစွပ်လေးကို စွပ်ထားပြီး မေးအောက်မှာပါ ကြိုးကို ချည်ထားတာကြောင့်
မျက်နှာလေးသာ ပေါ်နေသော xiao zhanက နဂိုထက် ပို၍ချစ်ဖို့ကောင်းနေ၏။

'ချစ်စရာလေး!'

'ဘာက... ငါကလား!'

သူကိုယ်သူ လက်ညိုးထိုးကာ မျက်လုံးအပြူးသားနဲ့
xiao zhan မေးလိုက်တော့...

'မဟုတ်...မဟုတ်ပါဘူး... စောနကတင် မင်းဘေးက
ဖြတ်သွားတဲ့ ကလေးမလေးကို ဟြေတာ'

ဟြေပြီးတာနဲ့ yiboတစ်ယောက် ခြေလှမ်းအကြဲကြီးတွေ လှမ်းကာ xiao zhanကိုလည်း ဆွဲခေါ်ပြီး...

'အမြန်သွားကြမယ်... ငါဗိုက်ဆာနေပြီ!'

...

...

ညစာအတွက် yibo ရွေးချယ်လိုက်တာက
ပန်းဂျုံခေါက်ဆွဲ...

လက်ဖဝါးနှစ်ဖက်လုံး ပတ်တီးပတ်ထားရတဲ့ xiao zhanက တူ ကိုင်ဖို့ အဆင်မပြေဖြစ်နေတာကြောင့်
ထိုယုန်ပေါက်ကို yibo ခွံ့ကျွေးနေရသည်။

'ဝိုး!! အရသာရှိလိုက်တာ... နောက်တစ်လုတ်လောက်!'

ပျော်ရွှင်နေတဲ့ ယုန်ပေါက်ရဲ့တောင်းဆိုမှုလေးကြောင့် အဆက်မပြတ် ခွံ့ကျွေးနေသော yiboသည် သူရှေ့မှာ
ရှိနေသော ပန်းဂျုံခေါက်ဆွဲပန်းကန် အေးသွားတာကိုပင်
သတိမထားမိတော့...

Bo'Bunny Baby [fanfiction/Completed] Where stories live. Discover now