Part 3(Uni/Zaw)

13.2K 1K 26
                                    

Xiao Zhan အိမ်မှာဘာမှလုပ်စရာမရှိ၍ ပျင်းနေသည် ။

"ငါလဲ ဘာမှလုပ်စရာမရှိပဲနဲ့ ငါ့ကိုကျောင်းပေးသွားလိုက်ပါလား "
တစ်ယောက် ထဲနှုတ်မှရေရွတ်နေမိသည်။

"Zhan Ge ဗိုက်ဆာပြီလား ကျွန်တော် ညနေစာပြင်လိုက်တော့မယ် "

"ဟင် အင်း ဒါနဲ့ Yiboပြန်လာမှစားမလားလို့"

"သခင်လေးကနောက်ကျမှပြန်လာမှာ အမြဲအဲ့လိုပဲ"

"ဟုတ်လား ဒါဆိုလဲ မင်းနဲ့ငါတူတူစားရအောင်"

"Zhan Ge လွှတ်လွှတ်လပ်လပ်စားပါ ကျွန်တော်နော်မှစားလိုက်မယ်"

"လုပ်ပါ ငါပျင်းလို့ မင်းကိုလဲမေးစရာရှိတယ် တူတူစားမယ် နော်နော်"

"ဟုတ်ကဲ့"

"Zhan Ge စားလို့ ကောင်းရဲ့လား"

"Omm အရမ်းကောင်းတယ်"

"Yibo ကအရင်ထဲကဒီလိုပဲလား"

"ဘာကိုလဲ Zhan Ge"

"အေးတိအေးစက်နေတာကိုပြောတာ တစ်မျိုးကြီးပဲ သူ့ပုံစံက သူ့မျက်နှာလေးနဲ့တောင်မလိုက်ဘူး"

"ဒီကိစ္စတွေကိုပြောသင့်ရဲ့လားမသိပေမဲ့ Zhan Ge ကိုယုံလို့ကျွန်တော်ပြောပြပါ့မယ်"

"တကယ်တော့ အရင်က သခင်လေး ကအရမ်းသဘောကောင်းပြီး ပျော်တတ်တဲ့သူတစ်ယောက် လုပ်ငန်းထဲကို ဝင်ဖို့လဲ စိတ်မကူးခဲ့ဘူး"

"သူ့မှာ အရမ်းချစ်ရတဲ့ သူငယ်ချင်း Chiya ဆိုတာရှိတယ် Chiya ကမိဘမဲ့ တစ်ကောင်ကြွက် ဒါပေမဲ့ သူ့ပိုင်ဆိုင်မှုတွေက အများကြီးပဲ"

"Chiyaမှာ အရမ်းချစ်ရတဲ့ ချစ်သူတစ်ယောက်ရှိတယ်"

"ဒါပေမဲ့ ဟိုမိန်းကလေးဘက်က လိုမှချစ်ပြတယ် သူဝယ်ချင်တာ ရချင်တာရှိမှ ချွဲတယ် တခြားအချိန်ဆို ပစ်ထားတယ်"

"ဒါတွေကို သခင်လေးကသိတော့ လမ်းခွဲဖို့ပဲ အမြဲတိုက်တွန်းတယ် ဒါပေမဲ့ Chiya ကအဲ့မိန်းမကိုအရမ်းချစ်တော့ မခွဲနိုင်ဘူး သူလိုသမျှဖြည့်ဆည်းပေးခဲ့တယ်"

"အဲ့မိန်းမကို သခင်လေးကသိပေမဲ့ သခင်လေးကိုတော့ သူကမသိဘူး အဲ့မိန်းမ နာမည်တောင်ကျွန်တော်မသိရဘူး"

Hurt love (Completed)Where stories live. Discover now