"မနေ့က""ရပါတယ် ငါစိတ်ထဲမရှိဘူး အဲ့ဒါကိုမေ့လိုက်တော့ ငါမင်းကိုမေးစရာရှိတယ် Yibo"
"ဘာလဲ"
"မင်းငါနဲ့ တွဲချင်လား"
Xiao Zhan ကYiboမျက်နှာ ကိုမကြည့်ပဲတည်ငြိမ်စွာမေးသည်။
"ကျွန်တော် အိမ်ရှေ့ကအလုပ်သမားတွေကိုပြောစရာရှိလိုသွားလိုက်ပါဦးမယ် သခင်လေးတို့လိုတာရှိရင်ခေါ်လိုက်ပါ"
အိမ်တော်ထိန်းFanကရှောင်ထွက်သွားသည်။
Yibo ကXiao Zhan မျက်နှာကိုစိုက်ကြည့်ပြီး
"မင်းဘာပြောလိုက်တာလဲ""ငါ့ချစ်သူလုပ်မလားလို့မေးတာ"
"မင်းငါ့ကိုမချစ်ပဲ ဒီစကားပြောရတဲ့ရည်ရွယ်ချက်ကဘာလဲ"
"မင်းလဲငါ့ကိုမချစ်ပါဘူး ဟုတ်တယ်မလား "
Yibo အသံတိတ်နေသည်။
"ငါမင်းကိုမချစ်ရင်တောင် ငါမင်းချစ်သူလိုနေပေးမှာပါ ငါလဲ Lan yiကိုငါ့နားကထွက်သွားစေချင်တယ် မင်းလဲ ငါ့ကိုလိုအပ်နေတယ်မလား"
"ကောင်းပြီလေ"
Yiboက Xiao Zhan ပြောတဲ့ လိုအပ်နေတယ်မလားဆိုတာကိုနားမလည်ပေမဲ့ lan yiကို လက်စားချေဖို့ လက်ခံခဲ့တယ်။ ကိုယ်တိုင်လဲ Xiao Zhan အပေါ် ခံစားချက်နဲနဲရှိတယ်လေ😏"ဘာကိုကောင်းတာလဲ"
"ငါမင်းနဲ့တွဲမယ်လို့ပြောတာလေ"
"ဒါဆို နောက်လဲ Zhan Zhanလို့ပဲခေါ်"
"မင်းဘာတွေပြောနေတာလဲ"
"ဘာလဲရှက်လို့လား"
"ဘာလို့ရှက်ရမှာလဲ မရှက်ဘူး"
"အဲ့ဒါဆိုခေါ်လေ"
"မခေါ်ချင်ဘူး"
Yiboထမင်းဝိုင်းမှထပြီးထွက်သွားဖို့ပြင်လိုက်တယ်။
"အ Xiao Zhan မင်းဘာလုပ်တာလဲ"
Yibo ကိုလှမ်းဆွဲပြီး ပေါင်ပေါ်ထိုင်ခိုင်းထားလိုက်သည်။"Zhan Zhanလို့ခေါ်ရင်လွှတ်ပေးမယ်"
"မင်းဘာတွေဖြစ်နေတာလဲ ညကရှက်ပြီး အသိစိတ်လွတ်သွားတာလား"
"မသိဘူး ဟုတ်ရင်ဟုတ်မာပေါ့ တစ်စုံတစ်ယောက်ကငါ့ကိုလူကြားထဲမှာ သူ့ချစ်သူလို့ပြောလိုက်တာကို"