Part 6(Uni/Zaw)

11.2K 937 51
                                    


တစ်အိမ်လုံး နက်ဖြန် နှစ်ပတ်လည်ပွဲအတွက် အလုပ်ရှုတ်နေကြသည်။

"Zhan Ge ပျင်းနေပြီလား"

"Aww Fan Xing ရတယ် မပျင်းပါဘူး "

"နှစ်ပတ်လည်က နှစ်တိုင်း ဒီအိမ်မှာပဲ လုပ်တာလား"

"ဟုတ်တယ် Zhan Ge သခင်လေးကို ဒီရက်ပိုင်း ပိုဂရုစိုက်ပေးပါနော် နှစ်တိုင်း ဒီလိုအချိန်က သူ့အတွက်ဖြတ်သန်းရခက်တဲ့ အချိန်မလို့ပါ"

"မပူပါနဲ့ ငါသူ့ကိုဂရုစိုက်မှာပါ မင်းလည်းနားဦး မနက်ထဲက လုပ်နေတာ ပင်ပန်းရောပေါ့"

"ကျွန်တော် အတွက် ဒီလောက်က ရပါတယ်"

ထိုညက Yibo ညနက်မှပြန်လာသည်။ ရောက်တာနှင့်ရေချိုးပြီးတန်းအိပ်တော့သည်။ ဘယ်သူ့ကိုမှလဲ စကားမပြောပါ။

ပွဲပြီးတော့ Yibo ကားယူ၍ တစ်ယောက်ထဲထွက်သွားသည်။ ပြန်လာတော့ အရက်တွေ အလွန်အကျွံသောက်လာပြီး မူးနေ၏။

"သခင်လေး အရက်တွေသောက်လာတာလား"
အိမ်တော်ထိန်း Fanက တွဲကူမလို့ပြင်လိုက်သည်။

"ရအယ် ရအယ် မလိုပု နာ့ဘာနာ တွားနိုင်သယ်"

"Yibo မင်းအရမ်းမူးနေပြီ ငါတွဲပေးမယ်"

"Zhan Ge မအိပ်သေးဘူးလား"

"အောက်အသံကြားလို့ဆင်းလာတာ Fan Xing မင်းနားတော့ ငါYiboကိုခေါ်သွားလိုက်မယ်"

တွဲခေါ်လာငေါလမ်းတစ်လျှောက်Yiboက မလိုဘူးကိုသာထပ်ခါထပ်ခါရွတ်ရင်း ယိုင်နဲ့နဲ့နှင့် ပါလာသည်။

"ဝုန်း"
Yibo ကို ကုတင်ပေါ် ပစ်ချလိုက်သည်

"အမလေးလေး Yibo မင်းလူကသေးသေးလေးနဲ့လေးလိုက်တာ"

Xiao Zhanက Yiboကိုစောင်ခြုံပေးပြီးနောက် ထသွားရန်ပြင်လိုက်သည်။

Yiboက Xiao Zhan လက်ကိုလှမ်းဆွဲပြီး
"မသွားပါနဲ့ ငါ့ကိုတစ်ယောက်ထဲမထားခဲ့ပါနဲ့"
(ဒါကျ ပီတယ် လူလည်လေး😏)

"Yibo ငါမသွားပါဘူး အိပ်အိပ်"
Xiao Zhan က Yibo နှဖူးကချွေးများကိုသုပ်ပေးရင် နှစ်သိမ့်ရှာသည်။

Yiboကမျက်လုံးမဖွင့်ပဲပါးစပ်မှထပ်ရွတ်လေသည်။

"ငါ ငါ အဲ့မြေခွေးမ ကိုလက်စားချေမှာ "

Hurt love (Completed)Where stories live. Discover now