Part 4(Uni/Zaw)

11.8K 986 25
                                    

Xiao Zhan Yiboနားကိုတိုးသွားလိုက်တယ်။

"Yibo မင်းဘာတွေပြောနေတာလဲ "

တိုးတိုးလေးမေးတယ်။

"မကြားဘူးလား ဖိနပ်သုပ်ပေးလို့"

"မင်းငါ့ကို လူကြားထဲမှာ အရှက်ခွဲနေတာလား"

"ဘာလဲ မလုပ်ချင်ဘူးလားရတယ်လေ Diary ကိစ္စ"

Diary လို့ကြားလိုက်တာနဲ့ Xiao Zhan ဒူးထောက်ပြီးသွားဖြစ်သွားခဲ့တယ်။

Yibo ကဘေးနားကခုံမှာတင်ထားတဲ့ တစ်ရှူးကို လှမ်းပေးတယ်။

တစ်ရှူးကိုလှမ်းယူတဲ့အချိန် Xiao Zhan လက်တွေတုန်ရီနေခဲ့တယ်

ရှက်လွန်းတာက တစ်ခု Diary လိုကြားတာနဲ့ သတိရလာတဲ့ အကြောင်းအရင်းကြီးကတစ်ခုနဲ့ Xiao Zhan တစ်ကိုယ်လုံးပူထူလာတယ် ။

ချွေးတွေလည်းအရမ်းပြန်နေပြီး ကျလုဆဲဆဲ မျက်ရည်ကို အတင်းထိန်းထားရတယ်။

Yibo ဖိနပ်ကိုသုပ်ရင်း ထိန်းထားတဲ့ကြားကမျက်ရည် တစ်စက်ကကျလာတယ်။ မျက်ရည်ထပ်ကျမှာစိုးလို့ မျက်တောင်ကို တဖျတ်ဖျတ် ခတ်ပြီး မြန်မြန်သုပ်ကာ ထရပ်လိုက်တယ်။

ကျလာတဲ့မျက်ရည်ကို Yiboကလွဲလို့ဘယ်သူမှမမြင်ကြပါ။

Xiao Zhan မျက်ရည်ကိုမြင်တော့ Yibo ရင်ဘတာထဲ အောင့်သွားတယ်။

အားလုံးကတော့ ရတနာပြပွဲလာကြပေမဲ့ ထူးဆန်းတဲ့ပြပွဲကိုကြည့်လိုက်ရတာပေါ့

Xiao Zhan ရှက်လွန်းလို့ ခေါင်းကို အတင်းငုံ့ထားတယ်။ ဖြစ်နိုင်ရင်ထို ပြပွဲထဲကပင် ချက်ချင်းထထွက်လာချင်မိတယ်။

"Ge Ge ဘာတွေလဲ ဒါက ဘယ်လိုတွေဖြစ်ကုန်တာလဲ"

"သူ့ချစ်သူကို ဖိနပ်သုပ်ပေးတာလေ မင်းမမြင်ဘူးလား"

"ဘာချစ်သူ ဟုတ်လား ရှင်ကဘယ်သူလဲ"

"ငါက VH ရဲ့သူဌေး Wang Yibo ပိုရှင်းအောင်ပြောရရင် Xiao Zhan ရဲ့ချစ်သူ"

"ဘာ"

Xiao Zhan ခမျာမှာတော့ ဘာမှဝင်မပြောနိုင်။
ပြောဖို့လဲအားမရှိတော့ဘူးလေ မျက်ရည်မကျအောင်ထိန်းနေရတာတောင်တော်တော် အားကုန်နေပြီ။

Hurt love (Completed)Where stories live. Discover now