Part 9(Uni/Zaw)

11.1K 873 32
                                    


Yibo စာရွက်လေးကိုယူ၍ အမြန်ဖတ်လိုက်သည်။

(ဘယ်လိုလဲ သူရဲကောင်းကြီး Wang Yibo မင်းရဲ့ အချစ်တော်လေးပျောက်လို့ စိတ်ပူနေပြီလား သိပ်လဲပူမနေပါနဲ့ မင်းရဲ့မင်းသားလေးကိုဘာမှမလုပ်ပါဘူး ဒါပေမဲ့ မင်းငါ့ရဲ့တောင်းဆိုမှုကိုလက်မခံရင်တော့သူ့အသက်ကိုအာမ မခံဘူးနော်
နက်ဖြန် ည၁၁နာရီကို မြို့ပြင်က အညိုရောင်တိုက်ကြီးဆီကို Top lightကိုလွှဲပြောင်းကြောင်းစာရွက်စာတန်းတွေနဲ့အတူလာခဲ့ မင်းတစ်ယောက်ထဲလာနော် မဟုတ်ရင် တစ်သက်လုံးတစ်ယောက်ထဲနေသွားရလိမ့်မယ်)

"တောက် !!! ဒါဘယ်သူ့လက်ချက်လဲ"

Yibo စိတ်ထဲတွင် စိုးရိမ်ခြင်း ဒေါသထံက်ခြင်း ပူပင်ခြင်းတို့နဲ့ပြည့်နေတော့သည်။

....................
"ကလင် ကလင် ကလင်"

"ဝေ့ Yibo ညကြီး ဘာကိစ္စလဲကွာ အားဆေးဝယ်ခိုင်းမလို့လား"<ငင့် 🤔🤭>

"ကျို့ ငါပြောတာနားထောင် Zhan Zhanမရှိတော့ဘူး"

"ဘာ !Xiao Zhan မရှိတော့ဘူး ဘယ်သွားလို့လဲ"

"သူပြန်ပေးဆွဲခံထားရတာ"

"ပြန်ပေးဆွဲတယ် ဘယ်သူကလဲ"

"အဲ့ဒါကိုသိမှတော့ ငါ ဖုန်းဆက်မလား ရဲတိုင်မှာပေါ့"

"ကျို့ငါဘာလုပ်ရမဘဲ ငါသူ့ကိုစိတ်ပူတယ် "
ပြောရင်းနှင့် Yibo ငိုသံများပါလာသည်။

"စိတ်အေးအေးထားပါကွာ ဒါနဲ့သူတို့ကဘာလိုချင်လို့လဲ"

"Top light "

"ဘာ Xiao Zhan ရဲ့ကုမ္ပဏီကိုလိုချင်တာ ဟုတ်လား "

"ခုနထဲက ကြားနေတာ Xiao Zhanဆိုတာ နာမည်တူတယ် ထင်လို့ Top light ပါလာပြီဆိုတော့မမှားနိုင်ဘူး Xiao Zhan ဘယ်မှာရှိလဲသိလားဟင်"

ဖုန်းပြောနေသောကျို့အားPi wayလှမ်းမေးလိုက်ခြင်းဖြစ်သည်။

"မင်းက Xiao Zhan ကိုဘယ်လိုသိတာလဲ"

"ကျို့မင်းဘယ်သူ့ကိုပြောနေတာလဲ "

"Yibo မင်းဆီငါလာခဲ့မယ် စောင့်နေ ဒါပဲနော်"

"ကယ် အခုပြောတော့ Pi way မင်း Xiao Zhan ကိုဘယ်လိုသိတာလဲ"

"မဟုတ်မှလွဲရော မင်း မင်း က ပြန်ပေးဆွဲတဲ့အဖွဲ့ထဲကလား"

Hurt love (Completed)Where stories live. Discover now