စီးပွားရေးလောကမှာအောင်မြင်လာသလောက် သူတို့အလုပ်တွေလဲအချိန်ပိုမရှိအောင်ရှုပ်လာတယ် ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ သည်းသန့်အချိန်အဖြစ် တနင်္ဂနွေနေ့တိုင်း Dateလေ့ရှိတယ်။
"Zhan Zhan ကိုယ်တို့ဒီတစ်ပါတ် Dateရင်ဘယ်သွားချင်လဲ"
"ဒီတစ်ခါ အပန်းဖြေတာမျိုးမဟုတ်ပဲ မိဘမဲ့ကျောင်းမှာ လုပ်အားသွားပေးရအောင် ကလေးလေးတွေကိုထိန်းချင်လို့"
"Zhan Zhanကလဲ ကလေးကိုထိန်းချင်တာများ မွေးလိုက်ပေါ့ ကိုယ်ကြိုးစားပေးမယ်"
"ဘာတွေလျှောက်ပြောနေတာလဲ Yiboနော်"
Xiao Zhan ရှက်သွေးဖြာနေသောမျက်နှာလေးဖြင့် နှုတ်ခမ်းလေးကိုက်ကာပြောသည်။
"ဒီလိုလုပ်ပါလား ကိုယ်တို့ အမွေတွေလဲဆက်င်္ခဖို့ ကလေးတစ်ယောက်လောက် မွေးစားရအောင်"
" Zhan Zhan Yibo လိုချင်တဲ့ကလေးကိုမမွေးပေးနိုင်လို့တောင်းပန်ပါတယ်"
"အဲ့ လိုမပြောပါနဲ့ကွာ ကိုယ့်မှာကလေးမရှိလဲ ဘာမှမဖြစ်ဘူး Zhan Zhanရှိရင်ရပြီ"
"ကလေးကိုမမွေးစားချင်လဲ Zhan Zhan သဘောနော်"
"မဟုတ်ပါဘူး မွေးစားမယ် Zhan Zhan လဲပိစိလေးလိုချင်တယ်"
...................................
"လူကြီးမင်းတို့ ဒီကလေးကိုမွေးစားဖို့ဆုံးဖြတ်ပြီးပြီလားရှင့်"
"အင်း သူ့ကိုပဲမွေးစားတော့မယ် နော် Zhan Zhan"
"အွန်း ဒါနဲ့ သူ့နာမည်ကဘယ်သူလဲ"
"သူ့ကိုနာမည်မပေးရသေးဘူးရှင့် မနေ့ကမှကျောင်းအရှေ့မှာလာစွန့်ပစ်သွားတာ အနှီးထုပ်အရယ်လေးဆိုတော့ နာမည်မပေးသေးတာ"
"ကောင်းပြီလေ ကိုယ်တို့ဘာသာပေးတာပေါ့ Yi Zhanလို့ပေးမယ်"
"အင်း ကြိုက်တယ် Yi Zhan Yi Zhanလေးရေ"
ကလေးကိုပျော်ရွှင် စွာဖြူရင်း မျက်လုံးလေးမှေးကာ ယုန်သွားလေးပေါ်အောင်ရီနေသော Xiao Zhan ကကလေး ထပ်ပင်ပိုချစ်စရာကောင်းနေသည်။
.............................
သုံးနှစ်ကြာပြီးနောက်ကလေးကိုစမွေးစားသော နေ့ကို မွေးနေ့အဖြစ်သတ်မှတ်ပေးခဲ့သည်။