Part 8(Uni/Zaw)

11.5K 805 63
                                    

"ကျို့ကလဲကွာ မနေ့က မြို့ပြင်ကိုခနလွှတ်လိုက်တာ ခုမနက်ထိပြန်မလာသေးဘူး"
Yibo ပွစိပွစိလုပ်နေသည်။

"Yibo ဘာဖြစ်လို့လဲ"

"ကျို့လေ ခုထိပြန်မလာသေးလို့"

"လာမှာပေါ့ Yiboရယ် သူကိစ္စတစ်ခုခုရှိလို့နောက်ကျနေတာ နေမှာပါ"

"ဟော ပြောရင်းဆိုရင်း လာပါပြီ "

"ကျို့ မင်းဘယ်သွားနေလို့ ခုမှရောက်တာလဲ"

"Yibo ငါ ဟို ဟိုလေ"

"ဘာလဲ"

~ငါ အမှန်တိုင်းပြောလိုက်ရင် ငါတော့သေမှာပဲ ခုချက်ချင်းကားသွားလဲဆို ဒုက္ခ ကုမ္ပဏီလဲသွားရဦးမာ ~
ကျို့တွေးနေမိသည်။

"ဟေ့ကောင် ကျို့ မေးနေတယ်လေ မင်းလင်နားစိတ်ရောက်နေတာလား"

"ဟာ မင်းကလဲ ငါအိပ်ပျော်သွားလို့ပါ စိတ်ကြည့်ပဲ"

"သွားမယ် အခု မင်းကြောင့် အလုပ်နောက်ကျတော့မယ်"

"Zhan Zhanကိုယ်သွားပြီနော် "

"Omm စောစောပြန်လာခဲ့နော်"

ပြောပြီးနောက် နှစ်ယောက်သား နှုတ်ဆက်အနမ်းခြွေနေကြသည်။ ကျို့တစ်ယောက် ဆက်ပဲကြည့်နေရမလို ထပဲပြေးရမလို လမ်းပျောက်နေရှာသည်။

ကြာနေပြီဖြစ်တာကြောင့် ကျို့ကားထဲဝင်ပြီး ဟွန်းတီးလိုက်သည်။

"ငါ့ကျနောက်ကျပြီဆိုပြီး သူကျတော့ ဟွန်း"

ဟွန်းသံနှင့် ကျို့၏ မကျေနပ်သံကိုကြားမှ ထိကပ်ထားသောနှုတ်ခမ်းနှစ်ခုက မခွာချင်ပဲ ခွာလိုက်ရသည်။

...........................

Yiboကုမ္ပဏီမှ နေလည်စာစားချိန်လောက်ကပင်ပြန်လာသည်။

"Yibo အစောကြီးပါလား "

"မျက်နှာလဲမကောင်းဘူး ဘာဖြစ်လာတာလဲဟင် "

"Zhan Zhanကိုယ်မင်းကိုပြောစရာရှိတယ်"

"Ommပြောလေ"
Xiao Zhan Yiboပေါင်ပေါ်တွင်ထိုင်၍ ပြောလိုက်သည်။

"Zhan Zhan စိတ်အေးအေးထားနော်"

"ဘာများလဲ Yiboရယ် ကိုယ်စိတ်ပူလာပြီ"

Hurt love (Completed)Where stories live. Discover now