Part 10 (final)(Uni/Zaw)

14.2K 924 76
                                    

"Xiao Zhan ဘယ်မှာလဲ"

"အေးဆေးပေါ့ မင်းမှာငါတို့တောင်းတာပါလာလား"

"ရော ဒီမှာ မင်းတို့လိုချင်တဲ့စာချုပ်"

Wang Yibo ကြမ်းပြင်ပေါ်သို့ပစ်ချပေးလိုက်သည်။

"Xiao Zhanကိုခေါ်ခဲ့"

"မင်းက သူတို့ရဲ့ခေါင်းဆောင်လား Zhan Zhanကိုပြန်ပေးဆွဲတာမင်းလား"

"ရှင်သိချင်နေတဲ့ ခေါင်းဆောင်က ဒီမှာလေ "
Lan yi အခန်းတစ်ခုထဲမှထွက်လာသည်။

Xiao Zhanကိုလည်း ကြိုးတုပ်၍ အနောက်မှ လူနှစ်ယောက်က တွဲခေါ်ဘာသည်။ Xiao Zhanကြည့်ရသည်မှာ ဖြူဖက်ဖြူရော့။

"Zhan Zhan !"

Yibo Xiao Zhan စီသို့ ဦးတည်၍ ပြေးသွားလိုက်သည်။

အရှေ့မှလူတစ်ယောက်က ဆက်မတိုးနဲ့ဟုသော အဓိပ္ပါဖြင့် တုတ်နဲ့ လှမ်းတားသည်။

"ဘာလဲ မင်းတို့လိုချင်တာရပြီလေ သူ့ကိုလွှတ်ပေးတော့ "

"နေပါဦး ကိုယ်တော်ချောရဲ့ လောလိုက်တာ ဟဟ"

ရွဲ့ပြုံးပြုံး၍ Lan yiကပြောသည်။

"ဒီစာချုပ်မှာ Zhan Ge Ge လက်မှတ်ပါမှ ပြည့်စုံမှာပေါ့ "

"Ge Geလက်မှတ်ထိုးလိုက်"

Xiao Zhanအားအနားကခုန်ပေါ်တွင်ထိုင်စေ၍
လက်မှတ်ထိုးရန် penနှင့် စာချုပ်ကိုပေးသည်။

"ငါ မထိုးပေးနိုင်ဘူး"

"ဘာမထိုးဘူး ဟုတ်လား "

"ဟုတ်တယ် ငါ့မိဘတွေ ချွေးနဲ့ သွေးနဲ့တည်ထောင်ခဲ့တဲ့ ကုမ္ပဏီကို ငါက ဘာလို့မင်းတို့ကိုပေးရမှာလဲ"

"တစ်ခွန်းပဲ ထပ်မေးမယ် ထိုးမလာမထိုးဘူးလား"

"မထိုးဘူး"

"ဖြန်း!!"

"မင်းကတော်တော်အကြောတင်းတာကို Xiao Zhanရဲ့"

Lan yi အမေဝင်လာပြီး Xiao Zhanအားပါးရိုက်လိုက်ခြင်းဖြစ်သည်။

ယခင်ကရထားသော နှုတ်ခမ်းက ဒဏ်ရာက နောက်တစ်ခါ ရိုက်လိုက်သောကြောင့် သွေးများပြန်စီးကျလာသည်။

Xiao Zhan ခက်ထန်ရွံရှာသောမျက်လုံးများဖြင့် သူ့ကိုရိုက်သောသူအားစိုက်ကြည့်နေသည်။

Hurt love (Completed)Where stories live. Discover now