တီတီတာတာ ရေချိုးမယ်🤭

77.1K 1.3K 251
                                    

{ Zawgyi ver }

သာယာလှပသောနံနက်ခင်းတစ်ခုတွင်....

ခါတိုင်းလိုပင် လန်ကျန့်သည်ဝေ့ရင်းထက်အရင်နိုးနေလေ၏။သူ့ ဘေး၌ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းအောင်ကွေး၍အိပ်မောကျနေသောဝေ့ရင်းကို တွေ့လိုက်ရသောအခါ လန်ကျန့်တစ်ချက်ပြုံးမိသည်။ထို့နောက်နဖူးလေးကို အသာအယာနမ်းလိုက်သောအခါ ဝေ့ရင်းသည်အိပ်ချင်မူးတူးနှင့်လန်ကျန့်အားကြည့်သည်။ထိုသို့ပုံစံလေးကိုလန်ကျန့်သဘောကျသည့်နှယ် နှစ်လိုဖွယ်အပြုံးတစ်ခုသူ၏မျက်နှာထက်တွင် ဆင်မြန်းလိုက်သည်။ထို့နောက်ဝေ့ရင်းနှုတ်ခမ်းလေးကို အသာလေးဖိကပ်ကာ အနမ်းပန်းခြွေတော့သည်။ခဏကြာတော့မှ ဝေ့ရင်းအသိစိတ်ပြန်ကပ်ကာ

"လန်..လန်ကျန့် ဘာလုပ်တာလဲ ? ငါမျက်နှာမသစ်ရသေးဘူးလေကွာ "

ထိုအခါလန်ကျန့်သည်သဘောကျသည့်နှယ်ဝေ့ရင်းကိုကြည့်ရင်း

"အဲ့တော့ ဘာဖြစ်လဲ ? "

ဝေ့ရင်းက ကလေးလေးလို နှုတ်ခမ်းလေးစူကာဖြင့်

"ဟင် အဲ့တော့..အဲ့တော့ကွာ မင်း.."

ဝေ့ရင်းပြောလို့မဆုံးခင်မှာပင် လန်ကျန့်သည်နှုတ်ခမ်းသားနုနုလေးအားတစ်ချက်နမ်းလိုက်ကာ

"ဝေ့ရင်း...မင်းရဲ့အရာရာတိုင်းက ငါအတွက်တော့အချိုမြိန်ဆုံးတွေပါပဲ"

(T/N: ဟန်ကွမ်ကျွင်းကတော့ ရိုနေပါပီနော် အဟက်..)

ထိုစကားကိုကြားသောအခါဝေ့ရင်းသည်အံ့သြလို့မဆုံးဖြစ်နေပြီးအနည်းငယ်လည်းရှက်သွေးဖြာနေသဖြင့်နားရွက်ကလေးများပင်ရဲတက်လာသည်။သို့သော်သူသည်စချင်လာသဖြင့်

"အယ်..လန်ကျန့် မင်း မင်း. တော်တော်ပြောင်းလဲသွားတာပဲ ဒီလိုစကားတွေတောင်ပြောတတ်နေပြီပေါ့လေ ငါမရှိတဲ့ ဒီ ၁၆ နှစ်အတွင်းမင်းဘယ်ကောင်မလေးနဲ့သွားလေ့ကျင့်နေလဲ ငါ့ကိုမှန်မှန်ပြော"

ထိုအခါလန်ကျန့်သည် အနည်းငယ်ဒေါသယှက်နေသောအကြည့်တို့ဖြင့်ကြည့်ပြီးဝေ့ရင်းပေါ်သို့တက်ခွကာ လက်များကို ချုပ်ထားလေ၏။ထိုအခါမှဝေ့ရင်းလန့်သွားကာ

WangXian and YiZhan (one shot) ❤️[Zawgyi & Unicode]Tempat cerita menjadi hidup. Temukan sekarang