နေကောင်းသော် 🤧

21.9K 775 38
                                    

{ Zawgyi ver }

နောက်တစ်နေ့နံနက်ခင်းသို့ရောက်သော်....

ထိုနံနက်တွင်လည်း လန်ကျန့်သည်ဝေ့ရင်းထက်အရင်စောနိုးနေပြန်ပါသည်။ဝေ့ရင်း အဖျားရှိမရှိစမ်းသပ်ပြီးမရှိတော့မှ နဖူးထက်သို့အနမ်းတစ်ပွင့်ပေး၍ နိုးလိုက်သည်။အိပ်ချင်မူးတူးနှင့်မျက်လုံးဖွင့်လာသော ဝေ့ရင်းကိုရင်ခွင်ထဲသို့ထည့်၍

"ဝေ့ရင်း...မင်း အခုဘာလုပ်ချင်လဲ ? "

"ဟင် လန် လန်ကျန့် မင်းဘာကိုဆိုလိုတာလဲ ?"

လန်ကျန့်၏ရုတ်တရက်မေးခွန်းကြောင့်ဝေ့ရင်းနည်းနည်းလန့်သွားကာ ပြန်မေးလေသည်။ဝေ့ရင်းသည်ထိုမေးခွန်း၏အဓိပ္ပာယ်ကိုတစ်မျိုးထင်ကာလန်ကျန့်အား ပြန်မေးလိုက်ခြင်း....

(T/N:သူအတွေးတွေ ခေါင်နေတာ 🤭)

ထိုအခါ လန်ကျန့်သည်ဝေ့ရင်းအား မေးစေ့မှအသာအယာကိုင်ပြီးမျက်လုံးချင်းအကြည်စိုက်လိုက်သည်။ထို့နောက် ဖူးနေသော နှုတ်ခမ်းလေးအား တစ်ချက်စုပ်၍နမ်းကာမေးလိုက်သည်။

"ဝေ့ရင်း မင်း တောင်အောက်ဆင်းချင်လား?"

စပ်စလူးနတ်ပူးဝေ့ရင်း၏ထုံးစံအတိုင်း 'တောင်အောက်' ဟုအသံကြားယုံနှင့်ပင် ဆွေ့ဆွေ့ခုန်နေသည်။ထို့ကြောင့်ဝေ့ရင်းသည်တုံ့ဆိုင်းမနေဘဲ

"မင်း တကယ်ပြောနေတာလား ? သွားမယ်လေ သွားမှာပေါ့ အခုမှနေပြန်ကောင်းတာဆိုတော့ သွားရမှာပေါ့နော်"

ချစ်ရသူ၏အပြုံးနှင့်ပျော်ရွှင်မှုကို မြင်ရသောအခါ စိတ်ထဲတွင်ပျော်ရွှင်သော်လည်း အပြင်ဘက်တွင်တော့ ရေခဲတမျှအေးခဲသောမျက်နှာဖြင့်တစ်ခွန်းတည်းသာပြန်ပြောလိုက်သည်။

"အင်း"

ထို့နောက် ဝေ့ရင်းသည်တောင်အောက်ဆင်းဖို့ပြင်ဆင်ရန် အိပ်ယာမှထမည်အပြု လန်ကျန့်သည်သူ့အနားရောက်လာ၍ညင်သာစွာပွေ့ချီလိုက်သည်။ဝေ့ရင်းလည်းအံ့သြစွာဖြင့်

"ဟေး ဟေး လန် ကျန့် လန်ကိုကိုလေး !! ဘာ ဘာလုပ်တာလဲ ? ငါ ငါ အခုမှနေပြန်ကောင်းတာနော် မဟုတ်ကဟုတ်ကတွေလုပ်မယ်မကြံနဲ့ ဟွန့်"

WangXian and YiZhan (one shot) ❤️[Zawgyi & Unicode]Where stories live. Discover now