အမှောင်သခင် ဖျားနာခြင်း🧡

26.5K 829 84
                                    

{ Zawgyi ver }

အရင်ဘဝ ခန္ဒာကိုယ်(ရီလင်လောင်ကျူး ခန္ဒာကိုယ်)လောက်အတွင်းအားမကောင်းသောမော့ရှီယွမ်ခန္ဒာကိုယ်ကိုရပြီးနောက်ဝေ့ဝူရှန့်သည် မကြာခဏဆိုသလိုဖျားလေ့ရှိသည်။ထို့ကြောင့်လန်ဝမ်ကျီးသည်သူ့ကိုအစဉ်အမြဲဂရုစိုက်လေ့ရှိသည်။ထိုကဲ့သို့ဂရုစိုက်နေရင်းပင်ယခုဝေ့ဝူရှန့်တစ်ယောက်သည်အစားမှား၍ဖျားနေလေ၏...!

ထို့ကြောင့်လန်ကျန့်သည်ဝေ့ရင်းကို အခန်းတွင်း၌သာနားနားနေနေ နေစေသည်။သို့သော် စပ်စလူးနတ်ပူးဝေ့ရင်းသည်တစ်စက်ကလေးမှပင်အငြိမ်မနေ။အခန်းတွင်း၌တစ်ယောက်တည်းနေရသည်မှာသူ့အတွက် အလွန်ပျင်းစရာကောင်းလေသည်။ထို့ကြောင့်လန်ကျန့်အလစ်ကိုချောင်း၍အပြင်သို့ မရမက ထွက်ဆော့လေသည်။

အပြင်ရောက်သော်...

(T/N: အပြင်ဆိုတာကလေ တိမ်လွှာနန်းမြိုင်ပေါ်မှာပါပဲ လန်ကျန့်ရဲ့အခန်းထဲကနေ ထွက်လာတာကိုပြောချင်တာပါ)

အေးမြချမ်းစိမ့်သောလေများသည် ဝေ့ရင်းအားဖြတ်သန်းတိုက်ခတ်ရင်း~~~~

~
ဝေ့ရင်းသည်လည်း အပြင်လောကကို ကြည့်ရှူ၍နေပေ၏
ပါးလှပ်သောအင်္ကျီလေးကိုသာဝတ်ဆင်ထားသောဝေ့ရင်းသည်အချိန်ခဏမျှကြာသော် အနည်းငယ်ပင် ချမ်းစိမ့်စိမ့်ဖြစ်လာပြီးခေါင်းမှာလည်းတွေဝေစပြုလာ၏...

သူကိုယ်တိုင်မသိလိုက်ခင် အချိန်တွင် သူသည်မြေပြင်ပေါ်သို့မေ့လဲခွေကျသွားသည်။မြေပြင်ပေါ်သို့လဲကျသွားသော်လည်းသူသည်နာကျင်ခြင်းတစိုးတစိမျှမရှိပေ..အဘယ်ကြောင့်နည်း???

လန်ကျန့်သည်ဝေ့ဝူရှန့်၏စပ်စလူးခါပုံအမျိုးမျိုးကိုသိသောကြောင့် အခန်းထဲ၌သူ့ကိုစောင့်ခိုင်းခဲ့သော်လည်း စောင့်မည်မဟုတ်ကြောင်းအစကတည်းကပင်သိပြီးဖြစ်သည်။အစက လန်ဂိုဏ်းသားလေးများအား စာသင်ကြားနေနိုင်သော်လည်း စိတ်ထဲ၌ဝေ့ရင်းပဲစိုးမိုးနေသဖြင့် အပြီးထိပင်မသင်နိုင်ဘဲမိမိ အိပ်ဆောင်သို့တန်းထွက်ခဲ့သည်။ထိုသို့လာရာလမ်းတွင် ချစ်ရသူသည်အပြင်လောကကိုပြုံးပြုံးကြီး ရှူစားနေသည်ကိုမြင်၍မနှောက်ယှက်လိုသောကြောင့် အနောက်မှမသိမသာရပ်၍ကြည့်နေခဲ့ခြင်းဖြစ်သည်။

WangXian and YiZhan (one shot) ❤️[Zawgyi & Unicode]حيث تعيش القصص. اكتشف الآن